တောင်ကြီး နိုဝင်ဘာ ၂
ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား/ အမျိုးသမီးပိုက်ကျော်ခြင်း ပြိုင်ပွဲကို နိုဝင်ဘာလ(၂)ရက် နံနက်(၈)နာရီက ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၌ ကျင်းပသည်။
ဖွင့်ပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ဇော်အေးက ယနေ့စတင်ကျင်းပသည့် အသက်(၂၅)နှစ်အောက် မြို့နယ်ပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲမှ ရှမ်းပြည်နယ်အသင်းတွက် လက်ရွေးစင်အားကစားသမားများကို ရွေးချယ်ပြီး နေပြည်တော်တွင် ကျင်းပမည့် တိုင်းဒေသကြီးနှင့် ပြည်နယ်၊ ပိုက်ကျော်ခြင်းပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ကြမှာ ဖြစ်ကြောင်း၊ အသက်(၂၅)နှစ်အောက် မြို့နယ်ပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲကြီးကို ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်များ တွင်ပိုက်ကျော်ခြင်း အားကစားအဆင့်အတန်း တိုးတက်မြင့်မားလာရေး၊ လူငယ်မျိုးဆက်သစ်များအား မွေးထုတ် ပေးနိုင်ရေး၊ လူငယ်လူရွယ်အချင်းချင်း ချစ်ခင်စည်းလုံးညီညွတ်မှု ရရှိကာ ကျန်းမာပြီးကြံ့ခိုင်သော လူငယ်များအဖြစ် ရှမ်းပြည်နယ်၏အားကစားကဏ္ဍတိုးတက်မြင့်မားစေပြီး မျိုးဆက်သစ်နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများပေါ် ထွက်လာစေရေးဆိုသည့် ရည်ရွယ်ချက်များနှင့် ကျင်းပပေးခြင်းဖြစ်ပါကြောင်း ယနေ့ကျင်းပသည့် ပြိုင်ပွဲမှာ ရှမ်းပြည်နယ် အတွင်းရှိ မြို့နယ်များမှ ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲကနေထူးချွန်သည့် ရွက်ပုန်းသီးအားကစားသမားကောင်းများ ရှမ်းပြည်နယ်အတွက် သွေးသစ်လောင်းပေးနိုင်မည့် မျိုးဆက်သစ်အားကစားသမားတွေကို မွေးထုတ်ပေးနိုင်ရန် ယုံကြည်ပါကြောင်း၊ အားကစားလောက တိုးတက်ဖွံ့ဖြိုးရေး၊ ပြည်ထောင်စုစိတ်ဓာတ်၊ မျိုးချစ်စိတ်ဓာတ်များ ရှင်သန်ထက်မြက်ရေး၊ နိုင်ငံတော်၏ဂုဏ်ကို အားကစာဖြင့် မြှင့်တင်နိုင်ရေးတို့အတွက် ထူးချွန်သောအားကစားသမားများ ဖြစ်အောင် အစွမ်းကုန်ကြိုးစားယှဉ်ပြိုင်သွားကြရန် ပြေားကြားသည်။
ဆက်လက်၍ ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာအဓိဌာန် ရွတ်ဆိုကြပြီး ရှမ်းပြည်နယ် ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် တာဝန်ရှိသူ တို့က ပြိုင်ပွဲဝင်အသင်းများအား လိုက်လံနှုတ်ဆက်ကြ၍ ပြည်နယ်ဝန်ကြီးချုပ်မှ အ.ထ.က (၇) ဘင်ခရာတပ်ဖွဲ့အား ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်ပြီး ပထမပွဲစဉ်အဖြစ် ကလောမြို့နယ်နှင့် နောင်ချိုမြို့နယ် အသင်းတို့ ယှဉ်ပြိုင်နေမှုကို ကြည့်ရူအားပေးကြသည်။
အဆိုပါ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက် (၂၅) နှစ်အောက် အမျိုးသား/သမီး ပိုက်ကျော်ြခင်း ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်မြို့နယ်ပေါင်း ၃၆ မြို့နယ် ပြိုင်ပွဲဝင် အမျိုးသား(၃၆) သင်း ၊ အမျိုးသမီး (၁၃) သင်း ပါဝင်ယှဉ်ပြိုင် ကြမည်ဖြစ်ကာ ပြိုင်ပွဲကို နိုဝင်ဘာလ ၂ ရက်မှ ၅ ရက်နေ့အထိ ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး