ကျိုင်းတုံ သြဂုတ်-၂၆
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် အောင်ခိုင်ဝင်း၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်၊ခရိုင်၊မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ သြဂုတ်(၂၅)ရက် နံနက်(၇)နာရီက ကျိုင်းတုံမြို့ရှိ နောင်တုံကန်နှင့်ကျိုင်းတုံဟော်နန်းအား ကွင်းဆင်းကြည့်ရှုစစ်ဆေးကြောင်း သိရသည်။
ဆက်လက်၍ ကျိုင်းတုံမြို့ နောင်တုံကန်သို့ သွားရောက်ကြည့်ရှုရာ နောင်တုံကန် သဲနှုန်းတူးဖော်ခြင်းလုပ်ငန်ပြီးစီးမှုနှင့် ပတ်သက်၍ အမှတ်(၉၁၃) စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်း ဒုတိယဗိုလ်မှူးကြီး မိုးသူမှရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက နောင်တုံကန် နှ င့်ပတ်သက်၍ ရေဝင်မြောင်းများတွင် အမှိုက်များမရှိစေရေး၊ ရေပန်းများဆောင်ရွက်ထားရှိရန်၊ လမ်းများကောင်းမွန်ရန်ဆောင်ရွက်ထားကြရန် ဖြည့်စွက်မှာကြားခဲ့ပြီး ကျိုင်းတုံဟော်နန်း ၁၀၂´.0″×၁၂၀.0″ သံကူကွန်ကရိတ် (၂)ထပ်ဆောင်သစ် ဆောက်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုကို သွားရောက် ကြည့်ရှုကြကြောင်း သိရသည်။
ထို့နောက် တာချီလိတ်ခရိုင် မိုင်းဖြတ်မြို့ နမ့်ကုန်းကျေးရွာအုပ်စုတွင် မိုးစပါးပန်းတိုင် အထွက်နှုန်းရရှိရေးအတွက် တောင်သူများအား ကျိုင်းတုံခရိုင် စိုက်ပျိုးရေးဦးစီးဌာန ဒုတိယပြည်နယ်ဦးစီးမှူး ဦးလှဝင်းမှ သက်တမ်း(၁၃၅)ရက်ရရှိသော စပါးမျိုးကို နမူနာပြု၍ မြေသြဇာထည့်သွင်းချိန်ပြ ဇယားကို ရှင်းလင်းပြီး စုပေါင်းမြေသြဇာ ကြဲပတ်နေမှုနှင့် မြေအသုံးချဦးစီးဌာနမှ မြေသြဇာကျွေးရန် မြေသြဇာစပ်နည်းတို့ကို လက်တွေ့သရုပ်ပြသမှုတို့ကို ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများ၊ တောင်သူများကကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တောင်သူများနှင့်တွေ့ဆုံ၍ တောင်သူများမှ ဒေသလိုအပ်ချက်များတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ဖြည့်စွက်ပြောကြား၍ ဒေသလိုအပ်ချက်များကို ဆောင်ရွက်ပေးခဲ့သည်။
၎င်းနောက် တောင်သူများ၏ ဒေသလိုအပ်ချက်များ တင်ပြမှုအပေါ် ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ မိုင်းဖြတ်မြို့ ဟောင်ဟင်ကျေးရွာလမ်း လုပ်ငန်းဆောင်ရွက်ရန်အတွက် ငွေကျပ်သိန်း(၁၀၀) ၊ ခတ်တန်ကျေးရွာတံတားတည်ဆောက်ရေးအတွက် ငွေကျပ်သိန်း(၁၅၀)တို့ကို ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ပေးအပ်ရာ ကျေးရွာတာဝန်ရှိသူများမှ လက်ခံရယူကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး