ကျိုင်းတုံ သြဂုတ်-၂၅
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အောင်ခိုင်ဝင်း၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ၊ပြည်နယ်အဆင့်၊ ခရိုင်မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများသည် သြဂုတ်(၂၄) နံနက်(၈)နာရီက ကျိုင်းတုံမြို့ရှိ ဗုဒ္ဓဥယျာဉ်တော်သို့ သွားရောက်၍ အဘယရာဇမုနိဘုရားအား ဖူးမျှော်ကြည်ညို၍ လောကသရဖူစေတီတော်နှင့်သတ္တသတ္တာဟမဟာဗောဓီစေတီအသစ် တည်ထား ကိုးကွယ်မည့် နေရာ ဆောင်ရွက်နေမှုတို့ကို လှည့်လည်ကြည့်ရှုကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကျိုင်းတုံမြို့ လွယ်မွေတောင်သို့ သွားရောက်ရာ ကျိုင်းတုံ-လွယ်မွေလမ်း ဆောင်ရွက်မည့်ကိစ္စနှင့် ပတ်သက်၍ ညွှန်ကြားရေးမှူး ဦးနေလင်း(မြို့ပြ)ကျိုင်းတုံမှ လမ်းနှင့်ပတ်သက်၍ ရှင်းလင်းပြီး လွယ်မွေကန်တံတားနှင့်ပတ်သက်၍ တံတားဦးစီးဌာနမှ ဦးသန့်ဇင် ဒုတိယညွှန်ကြားရေးမှူး (ကျိုင်းတုံ)မှ တံတားနှင့်ပတ်သက်၍ ရှင်းလင်းခြင်းနှင့်ဆည်မြောင်းနှင့်ရေအသုံးချမှု ဦးစီးဌာန (ကျိုင်းတုံ)မှ တာဝန်ရှိသူတစ်ဦးမှ လွယ်မွေရေကန် တာဘောင်ဆောင်ရွက်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းကြကြောင်း သိရသည်။
ကျိုင်းတုံ-လွယ်မွေလမ်း ၁၉.၈Km -၂၀.၃Km အတွင်း(၂)နေရာ လမ်းကွေ့နေရာများအား လမ်းဖြောင့်၍ မြေတောင်ချဲ့ခြင်း၊ မျက်ကွယ်ကုန်းများအား ဖြတ်ထုတ်ခြင်းနှင့် မြေသားလမ်း လုပ်ငန်းဆောင်ရွက်ကြောင်း သိရသည်။
၎င်းနောက်ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လွယ်မွေအခြေခံပညာ အထက်တန်းကျောင်းသို့ သွားရောက်၍ ကျောင်းစာကြည့်တိုက်များအား လှည့်လည်ကြည့်ရှုကြကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး