တောင်ကြီး ဇူလိုင် – ၂၂
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးစိုင်းလိတ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးစိုင်းသော်ဝင်း၊ ပြည်နယ်၊ခရိုင်၊မြို့နယ်ဌာနဆိုင်များနှင့် တာဝန်ရှိသူတို့သည် ဇူလိုင်(၂၂)ရက် နံနက်(၉)နာရီက တောင်ကြီးမြို့နယ် မိုင်းသော်အရှေ့ကျေးရွာအုပ်စု၊ မန်ကျည်းပင်ရွာတွင် မိုးစပါး ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ဓါတ်မြေသြဇာ ထောက်ပံ့ပေးအပ်ပွဲ တက်ရောက်ကြကြောင်း သိရသည်။
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးနှင့် တာဝန်ရှိသူများသည် တောင်သူဦးစိုးအောင် စိုက်ပျိုးထားသော မိုးစပါးပန်းတိုင် စံပြကွက်အား လှည့်လည်ကြည့်ရှုကြပြီး မိုင်းသော်အရှေ့ကျေးရွာအုပ်စုရှိ ကျေးရွာများမှ တောင်သူများအား ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး၊ ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်၊ခရိုင်၊မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဓါတ်မြေသြဇာများ ထောက်ပံ့ပေးအပ်ကြကြောင်း သိရသည်။
အဆိုပါ မိုင်းသော်အရှေ့ကျေးရွာအုပ်စု၊ မန်ကျည်းပင်ရွာတွင် မိုးစပါးစိုက်ပျိုးပြီးပါက ကြက်သွန်ဖြူ၊ကြက်သွန်နီ၊ပြောင်း၊နေကြာနှင့်အခြားသီးနှံများကို စိုက်ပျိုးကြကြောင်း သိရသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တောင်သူဦး ဖိုချို စိုက်ပျိုးထားသော (808)အစေ့ထုတ်ပြောင်းခြံအား ကြည့်ရှုကြပြီး ကိုအိုက်ဆီး ချယ်ရီရှမ်း ဆန်စက်နှင့် ရွှေညောင်မြို့ ၊ လှိုင်ဘုံသာကျေးရွာရှိ ဦးသောင်းကြည် ကြက်ခြံအား သွားရောက်ကြည့်ရှုရာ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးမှ ရှင်းလင်းပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်မှာကြား၍ ဥစားကြက်ခြံ၊ ကြက်သားပေါက်ကြက်ခြံနှင့် ခြံအတွင်းမွေးမြူထားသော ငါးခူကန်တို့ကို လှည့်လည်ကြည့်ရှုကြကြောင်း သိရသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ရွေညောင်မြို့ဟဲကယ်ကျေးရွာရှိ ကိုစိုင်း K S T ဆန်စက်၊ ငွေကမ္ဘာဆန်သန့်စက်ရုံသို့ သွားရောက်ကြည့်ရှုရာ ဆန်စက်တာဝန်ရှိသူများမှ ရှင်းလင်းကြပြီး ငွေကမ္ဘာ ဆန်သန့်စက်ရုံတွင် ဘာစမာဒီ၊ရွှေရင်အေး၊ရွှေအပ်(သစ်) ယိုးဒယားမွှေး၊တရုတ်မွှေးဆန်တို့ကို သန့်စင်ဆောင်ရွက်ပေးကြောင်းသိရပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ဆန်စက်အတွင်း လှည့်လည်ကြည့်ရှုကြကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့