ရွှေညောင် ဇူလိုင် – ၁၀
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စက်မှုလယ်ယာဦးစီးဌာန၊ အမှတ်(၈၅) စက်မှုလယ်ယာ စခန်း ရွှေညောင်မြို့တွင် ဇူလိုင်(၁၀)ရက် နံနက်(၈)နာရီက တာယောစိုက်ပျိုးရေးသုတေသနခြံ၌ ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲကျင်းပကြောင်း သသည်။
သရုပ်ပြပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူတို့က ရွှေညောင်မြို့ တာယော သုတေသနခြံ၌ ခင်းကျင်းပြထားသော လယ်ယာသုံးစက်ပစ္စည်းများ အားကြည့်ရှုရာ တာယောသုတေသန စိုက်ပျိုးရေး ခြံမန်နေဂျာ ဦးလှဦးမှ ရှင်းလင်းပြီး ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုး သရုပ်ပြသနေမှုကို ကြည့်ရှုအားပေးကြ ကြောင်းနှင့် တာယောသုတေသနစိုက်ပျိုးရေးခြံအတွက် ရှမ်းပြည်နယ်ဝန်ကြီးချုပ်က ဂုဏ်ပြုချီးမြှင့်ငွေ ပေးအပ်ရာ ခြံ မန်နေဂျာမှ လက်ခံရယူကြောင်းသိရသည်။
ဆက်လက်၍ ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူတို့သည် ဟဲဟိုးမြို့ မျိုးချစ် နို့စားနွား မွေးမြူရေးခြံသို့သွား ရောက်ကြည့်ရှုရာ ခြံပိုင်ရှင် ဒေါ်နီနီအောင်မှ နို့စားနွားခြံနှင့်ပတ်သက်၍ ရှင်းလင်းပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နို့စားနွားမွေးမြူရေးခြံအား လှည့်လည်ကြည့်ရှု ကြသည်။
အဆိုပါ မျိုးချစ်နို့စားနွားမွေးမြူခြံတွင် လက်ရှိနို့စားနွားမ(၁၈)ကောင်မှ တစ်ရက်လျှင်နို့ ပိဿချိန်(၁၀၀)ပိသာ ကျော် ထုတ်လုပ်လျက်ရှိပြီး ဒိန်ချဥ်၊ အသင့်သောက်နို့များ ထုတ်လုပ်ရောင်းချ၍ တောင်ကြီး၊ နောင်တရား၊ ပင်လောင်း၊ အောင်ပန်း၊ ဟဲဟိုး၊ ရပ်စောက်၊ ညောင်ရွှေ၊ ရွှေညောင်၊ ဟိုပုံးတို့ကို ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်းနှင့် နွားခြံမှ နွားချေးများကို Biogas ပြုလုပ်ရန်နှင့် EM ဖျော်ရည်ပြုလုပ်ခြင်းနှင့် ခြံတွင်းရှိ စိုက်ပျိုးသီးနှံခြံတွင် အသုံးပြုကြောင်း သိရသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် တာဝန်ရှိသူတို့ သည် စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ ဒေသသုတေသနဗဟိုဌာန(အောင်ပန်း)သို့ သွားရောက်၍ ခြံအတွင်း ပဲပုပ်သီးနှံ သုတေသနစိုက်ပျိုးထားရှိမှုကို ကြည့်ရှုရာခြံတာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာဝင်းဝင်းနွယ်မှ ရှင်းလင်းပြီး ရှမ်းပြည်နယ်နှင့်ကိုက်ညီသော အထွက်ကောင်းမျိုးများနှင့်ပတ်သက်၍ လက်ထောက်သုတေသနအရာရှိ ဒေါ်ဝင်းသန္တာ မှ ရှင်းလင်းကြောင်းနှင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဒေသသုတေသနဗဟိုဌာန(အောက်ပန်း)ရှိ အာလူးTissue Cultuteထားရှိမည့် အဆောက်အဦနှင့် Wet Lab၊ Media Preparation Room၊ Trasfer Room၊ Dry Lab၊ Incubation Room၊ Tissue Culture Room တို့ကို လှည့်လည်ကြည့်ရှုကြပြီး ဒေသသုတေသနဗဟိုဌာန (အောင်ပန်း) သုတေသန ဆောင်ရွက်ရန်အတွက်နှင့် ရုံးဝန်ထမ်းများအား ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ဂုဏ်ပြုချီးမြှင့်ငွေနှင့် ထောက်ပံ့ငွေများ ပေးအပ်ရာ ခြံတာဝန်ခံ ဒုတိယညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများမှ လက်ခံရယူသည်။
၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရောဂါပိုးမွှားကင်းစင်သော မျိုးအာလူးများ ထုတ်လုပ်ခြင်း Aeroponic (အဟာရရည်ဖျန်း)စနစ်ဖြင့် G-0 အဆင့် မျိုးအာလူးများ ထုတ်လုပ်ခြင်း၊ G1 အဆင့် မျိုးအာလူးများ ထုတ်လုပ်ခြင်း တို့ကို လှည့်လည်ကြည့်ရှုကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ဇော်အေး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး တို့သည် အမှတ်(၂)တပ်မတော်စစ်ဆေးရုံ ခုတင်(၇၀၀)အောင်ပန်းသို့သွားရောက်၍ ကျောက်ကပ်သန့်စင်ကုသစက် အတွက် အလှူငွေများ ပေးအပ်လှူဒါန်းပေးရာ အမှတ်(၂) တပ်မတော်စစ်ဆေးရုံ ခုတင်(၇၀၀) တာဝန်သူများမှ လက်ခံ ရယူပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောက်ကပ်သန့်စင် ဆေးကုသခံယူနေသာ ပြည်သူများကို အားပေးစကား ပြောကြား၍ ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နန်းတိုင်းကျေးရွာအနီးရှိ ပင်လောင်းမြို့နယ်၊ ရေခေါင်းတို ရေထွက်မှ ရေစုကန်တည်ဆောက်၍ အောင်ပန်း- ကလော သို့ ရေဖြန့်ဖြူးပေးနိုင်ရန်အတွက် သွားရောက်ကွင်းဆင်း ကြည့်ရှုရာ ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးမောင်မောင်ဝင်းမှ ရှင်းလင်းပြီး ပြည်နယ် ဝန်ကြီးချုပ်မှ လိုအပ်သည်များကို ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့