ကျောက်တလုံး ဇူလိုင် ၇
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် ဇူလိုင် ၇ ရက် နံနက် ၁၁ နာရီခွဲက တောင်ကြီးမြို့နယ်၊ ကျောက်တလုံးကြီးမြို့ရှိ ပအိုဝ်းအမျိုးသားခေါင်းဆောင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) နာယက ဦးအောင်ခမ်းထီအား သွားရောက်တွေ့ဆုံ၍ ကျန်းမာရေး အခြေအနေ မေးမြန်းကာ စားသောက်ဖွယ်ရာများ၊ ဂါရဝလက်ဆောင်များ ပေးအပ်ကြပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ အထူးဒေသ(၆)ပအိုဝ်းအမျိုးသားအဖွဲ့ ဒေသဖွံ့ဖြိုးရေး အတွက် ဆန်၊ ဆီ၊ ကြက်သွန်၊ အာလူး၊ ကုလားပဲ ထောက်ပံ့ငွေတို့ကို ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများက ပေးအပ်ရာတာဝန်ရှိသူများမှ အသီးသီးလက်ခံရယူ ကြသည်။
၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် ကျောက်တလုံးကြီးအခြေခံပညာအထက်တန်းကျောင်းသို့သွားရောက်၍ ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများအား ကြည့်ရှုအားပေးစကားပြောကြားပြီး ကျောင်းဖွံ့ဖြိုးရေးတွင် အသုံးပြုနိုင်ရန် ထောက်ပံ့ငွေများပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီးမှ လက်ခံရယူသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ ဆီဆိုင်မြို့နယ်၊ ဆိုက်ခေါင်ကျေးရွာရှိ အောင်ဆုဗွေတွင် ဧက (၃၀၀) စိုက်ပျိုးထားသော ဟတ်နှင့်ပါကေးသီးယားမျိုး ထောပတ်ခြံအား သွားရောက်လှည့်လည်မကြည့်ရှုရာ ခြံတာဝန်ရှိသူများမှ ရှင်းလင်းကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့