ရပ်စောက် ဖေဖေါ်ဝါရီ-၂၂
ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ တာဝန်ရှိသူများနှင့်အတူ ဖေဖေါ်ဝါရီ(၂၂)ရက်နံနက်(၉)နာရီက တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်ရှိ အင်းခေါင်းကန်အား ကွင်းဆင်းကြည့်ရှုစစ်ဆေးရာ ပြည်နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးထွန်းထွန်းဦးမှ အင်းခေါင်းကန်ဆိုင်ရာ အချက်အလက်များနှင့် ပတ်သက်၍ရှင်းလင်းရာ ပြည်နယ်ဝန်ကြီးချုပ်က မြို့သောက်သုံးရေကန်ဖြစ်သည့်အတွက် နှုန်းများဆည်ယူမှုတွင် လုပ်ငန်းများကို ဦးစားပေးကဏ္ဍအလိုက် တင်ပြပေးရန်လိုအပ်ကြောင်း၊ ရေကန်တိုင်း ရေထွက်ရှိသည့်အတွက် ရေထွက်များကို ရေရရှိနိုင်ရန် ဆောင်ရွက်ပေးစေလိုကြောင်း၊ သောက်သုံးရေကန်ဖြစ်သည့်အတွက် ကော်မတီဖွဲ့စည်း ဆောင်ရွက်ပေးကြရန်၊ အင်းခေါင်းကန် ရေရှည်ထိန်းသိမ်းရန်အတွက် သစ်ပင်များစိုက်ပျိုးပေးရန်နှင့် ရေကန်ပတ်ဝန်းကျင်တွင် အမှိုက်ပုံးများ ဆောင်ရွက်ထားရှိပေးရန် လိုအပ်ကြောင်း ဖြည့်စွက်မှာကြားခဲ့သည်။
အဆိုပါအင်းခေါင်းရေကန်သည် ကန်ဧရိယာ(၈၀)ခန့်ရှိပြီး ရေထွက်ကန်ဖြစ်၍ ပျှမ်းမျှရေထွက်နှုန်းမှာ မိုးရာသီတွင်ဂါလန်(၈)သိန်းနှင့် နွေရာသီတွင်ဂါလန်(၅)သိန်းထွက်ရှိပြီး မြို့ပေါ်ရပ်ကွက်(၈)ရပ်ကွက်နှင့် အိမ်ခြေ(၄၁၆၆)အိမ်၊ လူဦးရေ(၁၉၂၅၅)ဦးကို အကျိုးပြု၍ စိုက်ပျိုးရေးကိုလည်း အထောက်အကူပြုကြောင်း သိရသည်။
ထို့မှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရပ်စောက်မြို့၊ ဟွှေးကျေးရွာအုပ်စု၊ ဥတ္တံတားရပ်ကွက်ရှိ ဧက(၁၀၀)သီးထပ်သီးနှံ ဆောင်းပဲပုပ်၊ ကြက်သွန်ဖြူစိုက်ခင်းအား သွားရောက်၍ တောင်သူပေါင်း(၁၆)ဦးမှ ပဲပုပ်ပေါင်း(၈၀)ဧက မျိုးကွဲရေဆင်း(၁၅)နှင့် ကြက်သွန်ဖြူ(၂၀)ဧက မျိုးကွဲဒေသမျိုး(အာကာဖြူ)စိုက်ပျိုးထားရှိမှုတို့ကို ကြည့်ရှုပြီး တောင်သူများမှ စိုက်ခင်းအတွင်းရှိ ရေမြောင်းများကို ကွန်ကရစ်ချောင်းအဖြစ် ဆောင်ရွက်ပေးစေလိုကြောင်း၊ ကုန်ထုတ်လမ်းများကို ပြန်လည်မွမ်းမံပေးစေလိုကြောင်း တင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က တောင်သူများ၏ လိုအပ်ချက်များကို သက်ဆိုင်ရာဌာနနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး တောင်သူများကို သီးထပ်စိုက်ပျိုးပေးကြရန်နှင့် စိုက်ပျိုးမည့်သီးနှံများကို ဦးစားပေးအလိုက် ဆောင်ရွက်ပေးကြရန် မှာကြားခဲ့သည်။ အဆိုပါရပ်စောက်မြို့နယ်တွင် ဆောင်းပဲပုပ်ဧက(၂၀၀၀)စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရပ်စောက်မြို့ရဿဝတီခန်းမအား သွားရောက်ကြည့်ရှုရာ ခန်းမအတွင်းအပြင် မျက်နှာကျက်ပြန်လည်ပြုပြငနိုင်ရန်အတွက် လုပ်ငန်းများကို ကဏ္ဍအလိုက်တင်ပြပေးရန် သက်ဆိုင်ဌာနများကိုမှာကြား ပြီးရပ်စောက်မြို့နယ်၊ သစ်တောဦးစီးဌာန၊ မြို့မ(အမြဲတမ်း)ပျိုးဥယျာဥ်တွင် ပျိုးထောင်ထားရှိမှုအား သွားရောက်ကြည့်ရှုရာ ရပ်စောက်မြို့နယ်သစ်တာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးပြည့်ဖြိုးအောင်မှ ပျိုးဥယျာဥ်ဆိုင်ရာအချက်အလက်များ ရှင်းလင်းရာ လာမည့်မိုးရာသီတွင် သစ်ပင်များစိုက်ပျိုးရန်(၅၀၀၀၀)သောင်းနှင့် ရေဝေရေလဲစိုက်ခင်းများတွင် မိုးရာသီ၌(၆)သောင်းခွဲ စိုက်ပျိုးသွားမည်ဖြစ်ကြောင်း၊ ကလောမြို့နယ်ဒေသတွင်လည်း ထင်းရှုးပင်များ စိုက်ပျိုးသွားမည်ဖြစ်ကြောင်း၊ ရှင်းလင်းပြီး ပြည်နယ်ဝန်ကြီးချုပ်က ဗထူး၊ ရပ်စောက်၊ တောင်ကုန်းများပေါ်တွင်လည်း သစ်ပင်များစိုက်ပျိုးပေးရန် လိုအပ်ကြောင်း၊ ထပ်မံစိုက်ပျိုးမည့် စီမံကိန်းလျာထားချက်များ တင်ပြပေးရန်နှင့် သစ်တောဧရိယာသစ်တောကြိုးဝိုင်းတွင် ထပ်မံဖြည့်စွက်စိုက်ပျိုးပေးရန်၊ စံချိန်မီသည့်ပျိုးပင်များ စိုက်ပျိုးပေးရန်လိုအပ်ကြောင်း၊ ပျိုးပင်များရရှိမှုကိုလည်း တင်ပြပေးရန်နှင့် စည်းကမ်းမဲ့သစ်ပင်ခုတ်ခြင်း၊ မီးရှို့ခြင်းများမပြုလုပ်နိုင်ရန် ဆောင်ရွက်ပေးစေလိုကြောင်း မှာကြားခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စိုက်ပျိုးမည့််ပျိုးပင်များ ပျိုးထောင်ထားရှိမှုအား လှည့်လည်ကြည့်ရှုကြသည်။
၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ကြီး – ရပ်စောက်သွားလမ်း ရေပူကျေးရွာအနီးရှိ မိုးရာသီတွင် ရေကျော်မှုဖြစ်ပွားသည့်နေရာ၌ တံတားသစ်တည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်းနှင့် လိုအပ်သည်များ မှာကြားခဲ့သည်။ အဆိုပါလမ်းသည် မိုးရာသီအမီ လမ်းများကတ္တရာခင်းကျင်းသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး