တောင်ကြီး ဖေဖေါ်ဝါရီ-၁၄
ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန၊ တောင်ကြီးပညာရေးဒီဂရီကောလိပ် အားကစားပြိုင်ပွဲဆုချီးမြှင့်ပွဲကို ဖေဖေါ်ဝါရီ(၁၄)ရက်နံနက်(၉)နာရီခွဲက တောင်ကြီးမြို့၊ တောင်ကြီးပညာရေးဒီဂရီကောလိပ် အားကစားခန်းမ၌ ကျင်းပသည်။
ဆုချီးမြှင့်ပွဲတွင် တောင်ကြီးပညာရေးဒီဂရီကောလိပ် အမျိုးသားပိုက်ကျော်ခြင်းဗိုလ်လုပွဲ ယှဥ်ပြိုင်နေမှုကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ၊ တောင်ကြီးပညာရေးဒီဂရီကောလိပ်မှ ကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများ ကျောင်းသား၊ ကျောင်းသူများက ကြည့်ရှုအားပေးကြကြောင်း သိရသည်။
ထိုနောက် ဆုချီးမြှင့်ပွဲကျင်းပရာ အမျိုးသား၊ အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် ပထမဆုရရှိသောအသင်းများအား ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ဆုတံဆိပ်နှင့် ဆုဖလားကိုချီးမြှင့်ပေး၍ လည်းကောင်း၊ အမျိုးသား၊ အမျိုးသမီးဘော်လီဘောပြိုင်ပွဲတွင် ပထမဆုရရှိသောအသင်းအား ပြည်နယ်သယံဇတရေးရာဝန်ကြီး ဦးစိုင်းလိတ်က ဆုတံဆိပ်နှင့်ဆုဖလားများ ချီးမြှင့်ပေး၍လည်းကောင်း၊ အမျိုးသား၊ အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ပထမဆုရှိသောအသင်းအား ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်က ဆုတံဆိပ်နှင့် ဆုဖလားချီးမြှင့်ပေး၍ လည်းကောင်း၊ အမျိုးသား၊ အမျိုးသမီးစားပွဲတင် တင်းနစ်ပြိုင်ပွဲတွင် ပထမဆုရရှိသောအသင်းအား ပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံက ဆုတံဆိပ်များချီးမြှင့်ပေး၍ လည်းကောင်း၊ အမျိုးသား၊ အမျိုးသမီးအပြေး(၅)မျိုးပြိုင်ပွဲတွင် ပထမဆုရရှိသူများကို တောင်ကြီးတက္ကသိုလ် ပါမောက္ခချုပ်၊ အလျားခုန်၊ အမြင့်ခုန်ပြိုင်ပွဲတွင် ပထမဆုရရှိသူများကို နည်းပညာတက္ကသိုလ်ပါမောက္ခချုပ်၊ သံလုံးပစ်၊ သံပြားပစ်၊ လှံတံပစ်၊ Fitness Dance၊ လွန်ဆွဲပြိုင်ပွဲတွင် ပထမဆုရရှိသူများကို တာဝန်ရှိသူများနှင့် တောင်ကြီးပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ဆရာမကြီးတို့က အသီးသီးဆုများချီးမြှင့်ပေးကြပြီး ဒုတိယကျောင်းအုပ်ဆရာကြီးက ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ဆောင်ရွက်ပေးကြသော ဒိုင်အဖွဲ့အား ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး