ညောင်ရွှေ ဇန်နဝါရီ-၁၈
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်၊ ခရိုင်မြို့နယ်ဌာနဆိုင်ရာများ၊ တာဝန်ရှိသူများနှင့်အတူ ဇန်နဝါရီ(၁၈)ရက်နံနက်(၆)နာရီခွဲက ညောင်ရွှေမြို့၊ သာစည်ကန်သဲနှုန်းဆည်ယူနေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးရာ သာစည်ကန်နှင့်ပတ်သက်၍ ညောင်ရွှေမြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ကန်နှင့်ဆိုင်ရာအချက်အလက်များကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က နှုန်းမြေများကိုသေချာစွာဆောင်ရွက်ပေးရန်၊ မိုးရာသီကာလတွင် လမ်းများ ရေမကျော်စေရေးအတွက် လမ်းတာဘောင် မြင့်ခြင်းလုပ်ငန်းများကို သေချာစွာဆောင်ရွက်ပေးရန်နှင့် စိုက်ပျိုးရေအတွက် အသုံးပြုနိုင်ရန် ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း ဖြည့်စွက်မှာကြား၍ ကန်အတွင်းမှသဲနှုန်းတူးဖော်နေမှုနှင့် စိုက်ခင်းဘေးရှိရေမြောင်းများ ရေအတားအဆီးမရှိစေရေး သက်ဆိုင်ရာဌာနများက ဆောင်ရွက်ပေးကြရန် ပြောကြားခဲ့သည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ညောင်ရွှေမြို့၊ ကျောင်တိုင်ကွင်း၌ ဆဌမအကြိမ် အင်းလေးကန်ဖြတ် စက်ဘီးစီးပွဲတော်ဖွင့်ပွဲအခမ်းအနားတက်ရောက်၍ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က အဖွင့်အမှာစကားပြောကြားရာ ယခုကျင်းပသည့် အင်းလေးကန်ဖြတ် စက်ဘီးစီးအားကစားပွဲသည် ဆဌမအကြိမ်ဖြစ်ကြောင်းသိရှိရသည့်အတွက် ညောင်ရွှေမြို့မှာကျင်းပခဲ့ရာ သက်တမ်းတစ်ခုရှိနေပြီဖြစ်သည့် ပွဲတော်တစ်ခုဖြစ် ပြောကြားလိုပါကြောင်း ၂၀၁၇ခုနှစ်က စတင်ကျင်းပခဲ့ပြီး ၂၀၁၈၊ ၂၀၁၉ခုနှစ်နောက် ကိုဗစ်ကပ်ရောဂါဖြစ်ပွားချိန်မှသာ ပွဲကျင်းပမှုကို ရပ်နားထားရပါကြောင်း၊ ကိုဗစ်ကပ်ရောဂါဖြစ်ပွားမှု လျော့နည်းပပျောက်ချိန် ၂၀၂၃ခုနှစ်တွင် ပြန်လည်ကျင်းပပေးခဲ့ပြီး နှစ်စဥ် ၂၀၂၄၊ ၂၀၂၅ခုနှစ်မှာလည်း ကျင်းပရခြင်းဖြစ်ပါကြောင်း၊ စက်ဘီးစီးပွဲကျင်းပချိန်သည် ခရီးသွားရာသီ၊ ပွင့်လင်းရာသီချိန်နှင့် ဒီဇင်ဘာ၊ ဇန်နဝါရီလများသည် ရှမ်းပြည်နယ်တွင် အေးမြရာသီဥတုဖြစ်သောကြောင့် ကိုယ်လက်လှုပ်ရှား အားကစားပြုလုပ်မှုဖြစ်စေပြီး စက်ဘီးစီးနင်းပွဲကျင်းပမှုသည် အားကစားနှင့်ခရီးသွားပေါင်းစပ်လှုပ်ရှားမှုအသွင် ဖော်ဆောင်၍ အများပြည်သူကျန်းမာပျော်ရွှင်စေပြီး မြန်မာနိုင်ငံ၏ ထင်ရှားသောခရီးစဥ် ဒေသတစ်ခုဖြစ်သည့် အင်းလေးဒေသ၏ ခရီးသွားပုံရိပ်ကိုမြှင့်တင်ပေးသော လှုပ်ရှားမှုတစ်ခုလည်းဖြစ်စေပါကြောင်း၊ စက်ဘီးစီးပွဲတွင် ညောင်ရွှေဒေသခံများသာမက တောင်ကြီး၊ ကလော၊ ပင်းတယ၊ ဟိုပုံး၊ ရွှေညောင်စသောဒေသများကပါ လာရောက်စီးနင်းကြသည့်အတွက် အားကစားသမားအချင်းချင်း ဒေသခံပြည်သူများအချင်းချင်း အားကစားပြုလုပ်မှုကို အခြေခံသောစည်းလုံးမှု၊ ချစ်ကြည်ရင်းနှီးမှုကို ရရှိစေမှာဖြစ်ကြောင်း ပြောကြားသည်။
၎င်းနောက် ဆဌမအကြိမ်မြောက် အင်းလေးကန်ပတ်လမ်း စက်ဘီးစီးမည့် အားကစားသမားများကို ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့က ရင်းရင်းနှီးနှီးနုတ်ဆက်ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က စက်ဘီးစီးပွဲကို တာလွှတ်ပေးကြောင်း သိရသည်။
အဆိုပါဆဌမအကြိမ်မြောက် အင်းလေးကန်ပတ်လမ်း စက်ဘီးစီးပွဲတွင် (၁၅)ကီလို(၂၁၀)ဦး၊ (၃၀)ကီလို(၃၀၀)ဦး စုစုပေါင်း(၅၁၀)ဦးကို နှစ်ကြိမ်စီဖြင့် ညောင်ရွှေမြို့ကျောက်တိုင်ကွင်းမှ စတင်တာလွှတ်ပြီး မိုင်းသောက်တံတားအထိစီးနင်း၍ မော်တော်စက်လှေဖြင့် အင်းလေးဒေသအနောက်ဘက်ကမ်းရှိ ခေါင်တိုင်သို့သွားရောက်၍ ခေါင်တိုင်မှညောင်ရွှေမြို့ ကျောက်တိုင်ကွင်းသို့ ပြန်လည်ဝင်ရောက်မည့်ဖြစ်ကြောင်းနှင့် ကံစမ်းမဲဖောက်ကာ ဆုများချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ညောင်ရွှေမြို့နယ် မိုင်းပျိုးကျေးရွာအုပ်စု ပြားထိန်းကျေးရွာအနောက်ဘက် (၁)မိုင်ခန့်အကွာရှိ လွယ်မော်ကန်အား သွားရောက်ကြည့်ရှုရာ ကန်အတွင်းရေဝင်မှုနှင့် ဆည်ရေသောက်ဧရိယာအချက်အလက်များနှင့် ရာဂီမုန်တိုင်းဒဏ်ကြောင့် လွယ်မော်ကန်ထိခိုက်ပျက်စီးမှုအခြေအနေ၊ လွယ်မော်ကန်သဲနှုန်းတူးဖော်ခြင်း အခြေအနေများနှင့်ပတ်သက်၍ ညောင်ရွှေမြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချဦးစီးဌာန တာဝန်ရှိသူတစ်ဦးမှ ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က ရေလှောင်ကန်တာဘောင်များ ဆောင်ရွက်ရာတွင် သက်ဆိုင်ရာဌာနများမှ မြေနေရာများကို မြေပြင်ကွင်းဆင်း တိုင်းတာပေးကြရန်နှင့် လုပ်ငန်းများဆောင်ရွက်ပါက သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက်ပေးကြရန် လိုအပ်ပါကြောင်း၊ ကန်များကိုလည်း ပြန်လည်တူးဖော်ပေးသွားမည်ဖြစ်ပြီး စိုက်ပျိုးရေးကဏ္ဍတွင် သီးထပ်သီးညပ်စိုက်ပျိုးပေးကြရန်၊ တောင်သူများကလည်း ဆည်ရေလှောင်ကန်များကို စနစ်တကျစည်းကမ်းရှိစွာ ထိန်းသိမ်းပေးကြရန်မှာကြား၍ လွယ်မော်ဆည်အား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ညောင်ရွှေမြို့နယ်၊ မိုင်းသောက်ကျေးရွာအုပ်စု၊ မိုင်းသောက်ရောက်ခြည်ဦး စာကြည့်တိုက်နှင့် ကွန်ပျူတာဆောင်အား သွားရောက်ကြည့်ရှုရာ စာကြည့်တိုက်ခန်းမအတွင်း စနစ်တကျနှင့်သပ်ရပ်မှုရှိစေရန် စာကြည့်တိုက်အတွင်း ပြုပြင်လိုသည်များရှိပါက ညောင်ရွှေမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှတစ်ဆင့် တင်ပြပေးရန်မှာကြားပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က စာကြည့်တိုက်အတွက် အလှူငွေကျပ်(၁၀)သိန်း ပေးအပ်ရာ ကျေးရွာရှိစာကြည့်တိုက်တာဝန်ခံများမှ လက်ခံရယူကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ယာဥ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးအတွက် လေးမိုင်ကွေ့ – နောင်တလီ – ညိုမီး – နောင်ပနားဗွာလင်းကွင်း – ထီရီး(မွေးမြူရေးဇုန်) – ရွှေညောင်လမ်း အတက်အဆင်းလမ်းပြေပြစ်အောင် ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးရာ လမ်းဦးစီးဌာန၊ ကြီးကြပ်ရေးအဖွဲ့စီမံကိန်းလုပ်ငန်းခွင် ရှင်းလင်းဆောင်၌ လမ်းကြီးကြပ်ရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးကျော်ကျော်ဝင်းမှ မြေသားလုပ်ငန်းဆောင်ရွက်နေမှုနှင့် ကတ္တရာခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကိစ္စရပ်များ ရှင်းလင်းပြီး ပြည်နယ်ဝန်ကြီးချုပ်က လမ်းများကို သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက်ပေးကြရန်နှင့် လိုအပ်သည်များရှိပါက တင်ပြပေးကြရန်၊ လုပ်ငန်းများ အချိန်မီပြီးစီးနိုင်ရန်အတွက် နေ့ဆိုင်း၊ ညဆိုင်းဆောင်ရွက်ပေးကြရန်၊ စက်ယန္တရာယ်းများလိုအပ်ပါက အသုံးပြုရန်၊ အချိန်ရသလို အမြန်ဆုံးဆောင်ရွက်ပေးရန်လိုအပ်ပါကြောင်းနှင့် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လမ်းမြေသားဆောင်ရွက်နေမှုကို ကြည့်ရှုကြကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့