ကလော ဇန်နဝါရီ ၉
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်နှင့်တာဝန်ရှိသူများသည် ဇန်နဝါရီလ ၈ ရက် ညနေပိုင်းတွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများအား ကွင်းဆင်းကြည့်ရှု စစ်ဆေးသည်။
ရှေးဦးစွာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်နှင့်တာဝန်ရှိသူများသည် ကလောမြို့နယ်၊ နန်းပန်တက်ကျေးရွာအနီးတွင် တောင်ပေါ်ဒေသလမ်းဆောက်လုပ်ရေးကုမ္ပဏီမှ တည်ဆောက် လျက်ရှိသည့် ရှမ်းပြည်နယ်မှလှိုက်လဲစွာကြိုဆိုပါ၏ ဆိုင်းဘုတ်ဆောင်ရွက်ထားရှိမှု အခြေအနေ များနှင့် ရာဂီမုန်တိုင်းသဘာဝဘေးကြောင့် ကလောမြို့နယ်၊ ရေယားကျေးရွာအနီးရှိ ကလော-သာစည်လမ်း ပြည်ထောင်စုလမ်းမကြီး လမ်းသားပြိုကျပျက်စီးမှုအခြေအနေနှင့် ပြန်လည်ပြုပြင် တည်ဆောက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် လမ်းဆောက်လုပ်ရေးကုမ္ပဏီ ရှင်းလင်းဆောင်သို့ ရောက်ရှိပြီး ကုမ္ပဏီမှ တာဝန်ရှိသူက မြေထိန်းနံရံ ဆောင်ရွက်ပြီးစီးမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းအခြေအနေများကိုရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လမ်းမြေထိန်းနံရံများပြန်လည် တည်ဆောက်နေမှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းစေရေး စနစ်တကျဆောင်ရွက်ရန်လိုအပ်ကြောင်း၊ သတ်မှတ်စံချိန်စံညွှန်း ပြည့်မီအောင် အလေးထားဆောင်ရွက်ရန်နှင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးအောင် ဆောင်ရွက်ရန်မှာကြားခဲ့ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့