တောင်ကြီး ဇန်နဝါရီ-၅
ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ်ဖလားဌာနဆိုင်ရာပေါင်းစုံအမျိုးသားအမှတ်ပေးဘောလုံးပြိုင်ပွဲဆုချီးမြှင့်ပွဲကိုဇန်နဝါရီ(၄)ရက်ညနေ(၃)နာရီကတောင်ကြီးမြို့၊ပြည်နယ်အားကစားကွင်း၌ကျင်းပသည်။
ဌာနပေါင်းစုံအမျိုးသားအမှတ်ပေးဘောလုံးပြိုင်ပွဲဗိုလ်လုပွဲစဥ်အဖြစ်ပြည်နယ်စည်ပင်သယာရေးနှင့်စီးပွားရေးရာအသင်းတို့ယှဥ်ပြိုင်ကစားနေမှုကိုပြည်နယ်ဝန်ကြီးချုပ်ဦးအောင်၊ပြည်နယ်တရားလံတော်တရားသူကြီးချုပ်၊ပြည်နယ်ဝန်ကြီးများ၊ပြည်နယ်ဥပဒေချုပ်၊ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ပြည်နယ်၊ခရိုင်၊မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊တောင်ကြီးပညာရေးကောလိပ်မှဆရာ၊ဆရာမများ၊သူနာပြုသင်တန်းကျောင်းမှသင်တန်းသူများ၊ဌာဆိုင်ရာဝန်ထမ်းများ၊အားကစားဝါသနာရှင်များကကြည့်ရှုအားပေးကြရာပြည်နယ်စည်ပင်သာယာရေးအသင်းမှအနိုင်ရရှိကြောင်းသိရသည်။
ထို့နောက်ဆုချီးမြှင့်ပွဲ ကျင်းပရာ အကောင်းဆုံးဆုရ အားကစားသမားများအား ဆုချီးမြှင့်ရာ ပွဲစဥ် တစ်လျောက် ဂိုးသွင်းအများဆုံးဆုရှိသူ၊ အကောင်းဆုံးဂိုးသမားဆုရရှိသူ၊ နောက်တန်း၊ အလယ်တန်း ၊ ရှေ့တန်းနှင့် ပွဲစဥ်တစ်လျောက် အကောင်းဆုံးဆု ရရှိသူများကို ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်ဝန်ကြီးများက အသီးသီးဆုတံဆိပ် နှင့် ငွေသားဆုကို ချီးမြှင့်ပေးကြပြီး တတိယဆုရရှိသောအသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆု(၁၅)သိန်းကို ပြည်နယ်လုံခြုံရေးရာ ဝန်ကြီးမှလည်းကောင်း၊ ဒုတိယဆုရရှိသောပြည်နယ် စည်ပင်သာယာရေး အသင်းအား တစ်ဦးချင်းဆုတံဆိပ် နှင့်ငွေသားဆု(၃၀)သိန်းကို ပြည်နယ်တရားလွှတ်တော် တရားသူကြီးမှလည်ကောင်း၊ ပထမဆုရရှိသော စီးပွားရေးရာအသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆု(၅၀)သိန်းကို ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်တို့ကအသီးသီးချီးမြှင့် ပေးကြကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့