ကျိုင်းတုံ နိုဝင်ဘာ-၃၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ ဒေသဝမ်းစာဖူလုံရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး အတွက်ဆောင်ရွက်နိုင်ရန် နိုဝင်ဘာလ (၃၀) ရက်၊ နံနက် (၉)နာရီက ရှမ်းပြည်နယ် အစိုးရအဖွဲ့နှင့် စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းရှင်အသင်းအဖွဲ့များ တွေ့ဆုံပွဲကို ကျိုင်းတုံမြို့၊ ခေမရဌ်ရိပ်သာ အစည်းအဝေးခန်းမ၌ ကျင်းပကြောင်းသိရသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းရှင်များတွေ့ဆုံပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင် က ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ဒေသဖွံ့ဖြိုးရေးနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်း များ ကုန်ထုတ်လုပ်မှုမြင့်မားရေးအတွက် ညှိနှိုင်းဆောင်ရွက်ရန် လာရောက်ခြင်းဖြစ်ပါကြောင်း၊ ကျေးလက်နေပြည်သူများသည် စိုက်ပျိုးရေး၊ မွေးမြူရေးကိုအခြေခံ၍ အသက်မွေးဝမ်းကျောင်းများ ပြုနေကြပြီး စိုက်ပျိုးရေး၊ မွေးမြူရေးအဖွဲ့ဝင်များမှတစ်ဆင့် စားသောက်ကုန်များ၊ တန်ဖိုးမြင့် ထုတ်ကုန်များ ထုတ်လုပ်၍ မိမိဒေသအတွင်း ရောင်းချလျက်ရှိပါကြောင်း၊ စိုက်ပျိုး၊ မွေးမြူရေးမှ ထွက်ရှိလာသော ကုန်ကြမ်းကိုအရင်းတည်၍ MSMEနှင့်ပတ်သက်သည့် လုပ်ငန်းဖြစ်သော တစ်ပိုင်တစ်နိုင်အိမ်တွင်းမှုလုပ်ငန်းများ စျေးကွက်ကောင်းရရှိရန်လိုအပ်ကြောင်း၊ ခုနှစ်ဆယ် ရာခိုင်နှုန်းရှိသော ကျေးလက်နေပြည်သူများကလည်း စီးပွားရေးအဆင်ပြေပြီး ဝင်ငွေရရှိမှုတိုးတက် လာမည်ဖြစ်၍ တစ်ဦးချင်းသို့မဟုတ် အိမ်ထောင်စုမှတစ်ဆင့် တိုးတက်လာမည်ဖြစ်ကြောင်းနှင့် နိုင်ငံတော်အတွက် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုမှာဖြစ်ကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆက်စပ်၍စီးပွားရေးလုပ်ငန်းရှင်များမှ ရင်းနှီးမြှုပ်နှံမှုဆောင်ရွက်လို၍ အခက်အခဲများ ရှိပါက သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ဖြေရှင်းဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ လုပ်ငန်းရှင်များ အနေဖြင့် လုပ်ငန်းဆောင်ရွက်လိုသည့် ဆန္ဒများ၊ အရင်းအနှီးများ၊ နည်းပညာများရှိသောကြောင့် သက်ဆိုင်ရာကဏ္ဍအလိုက် ပေါင်းစပ်ဆောင်ရွက်ပါက မဖြစ်နိုင်စရာမရှိပါကြောင်း တိုက်တွန်း ပြောကြားသွားသည်။
ထို့နောက် အခမ်းအနားတက်ရောက်လာသော စိုက်ပျိုးရေးအစုအဖွဲ့များဖြစ်သည့် ကော်ဖီလုပ်ငန်းရှင်များ၊ လက်ဖက်စိုက်ပျိုးလုပ်ငန်းရှင်များမှ စိုက်ပျိုးဆောင်ရွက်ထားမှုအခြေအနေ နှင့် လိုအပ်ချက်များတင်ပြဆွေးနွေး၍လည်းကောင်း၊ မွေးမြူရေးလုပ်ငန်းရှင်များမှ နွားနောက်မွေးမြူ ထားရှိမှုနှင့် စာကျက်မြေလိုအပ်ချက်များ တင်ပြဆွေးနွေး၍လည်းကောင်း၊ တောင်ပေါ်သား သမဝါယမအသင်းမှ မျိုးစေ့ထုတ်လုပ်ဆောင်ရွက်ထားရှိမှုအခြေအနေများ ဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က စိုက်ပျိုးရေးလုပ်ငန်းရှင်များ၏ လိုအပ်ချက်များနှင့် မွေးမြူရေး လုပ်ငန်းရှင်များ၏ လိုအပ်ချက်များကို သက်ဆိုင်ရန်ဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
၎င်းနောက် ပြည်နယ်စီးပွားရေးရာဝန်ကြီးက လာမည့်နှစ်ပြည်ထောင်စုနေ့များတွင် MSME ဒေသထွက်ထုတ်ကုန်ပြပွဲပြိုင်ပွဲများရှိသည့်အတွက် မိမိထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်မှုနှင့် ထုတ်ကုန်တံဆိပ်ပါရှိရန်လိုအပ်ကြောင်း၊ ထုတ်ကုန်တံဆိပ်မရှိသေးပါက မှတ်ပုံတင်ပြုလုပ်ထားရန် လိုကြောင်း ဆွေးနွေးသွားပြီး ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးက အသက်မွေးဝမ်းကြောင်း ဆောင်ရွက်မည့်ကိစ္စရပ်များတွင် လိုအပ်ချက်များမည်ကဲ့သို့ဆောင်ရွက်ရမည်ကိုဆွေးနွေးသွားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်က မြေအသုံးချမှုသည် နိုင်ငံသားတိုင်း အကျိုးရှိအောင် လုပ်ထုံး၊ လုပ်နည်းအတိုင်း ဆောင်ရွက်ရန်လိုအပ်ကြောင်းနှင့် ဌာနဆိုင်ရာများ အနေဖြင့် မြေယာကိစ္စနှင့်ပတ်သက်၍ ကြန့်ကြာမှုမရှိအောင် ဆောင်ရွက်ပေးရန်နှင့် စိုက်ပျိုးရေး၊ မွေးမြူရေးထုတ်ကုန်များဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးကြရန်နှင့် ပြည်နယ်အစိုးရအဖွဲ့ အနေဖြင့် လိုအပ်သည်များ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း နိဂုံးချုပ်စကား၌ ပြောကြားသွားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျိုင်းတုံမြို့နယ်၊ လွယ်လုံအုပ်စု၊ လွယ်လုံရွာတွင် ဦးတင်ဦး မွေးမြူထားသော ဥစားကြက်မွေးမြူရေးခြံ၊ ယိုးဒယားဆလားဗီးယား ငါးကန်နှင့် ကြက်အစာစပ်ရုံတို့အား သွားရောက်ကြည့်ရှုစစ်ဆေးရာ ဥစားကြက်မွေးမြူရေးခြံပိုင်ရှင်မှ ဥစားကြက်မွေးမြူထားရှိမှုနှင့် ရောင်းချဖြန့်ဖြူမှုတို့ကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က ဥစားကြက်မွေးမြူရေးများကို တိုးချဲ့မွေးမြူရန်နှင့် ထုတ်လုပ်မှုကုန်ကျစရိတ်လျော့နိုင်ရန် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်ရန်လိုကြောင်း မှာကြား၍ ဥစားကြက်ခြံနှင့် ငါးကန်တို့ကို လှည့်လည်ကြည့်ရှုကြကြောင်းသိရသည်။
အဆိုပါ ဦးတင်ဦး ဥစားကြက်မွေးမြူရေးခြံသည် ခြံအကျယ် (၄) ဧကရှိပြီး မွေးမြူရေကောင်ရေ (၁) သောင်းနှင့် မျိုးများကို တောင်ကြီး (တက်ချောင်ကုမ္မဏီ) မှယူ၍ လက်ရှိမွေးမြူထားသည့်ကောင်ရေမှာ ဥကြက်မ (၆၀၀၀) ကောင် + မဒန်း (၃၀၀၀) ကောင်၊ စုစုပေါင်း(၉၀၀၀)ကောင်မွေးမြူထားရှိပြီး ဒေသတွင်းဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်းသိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့