ညောင်ရွှေ နိုဝင်ဘာ-၂၉
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်၊ ခရိုင်မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ တာဝန်ရှိသူများနှင့်အတူ နိုဝင်ဘာလ (၂၈) ရက် နံနက် (၈) နာရီခွဲက ကလောရိုင်၊ ညောင်ရွှေမြို့နယ်၊ တောင်ပို့ကြီးကျေးရွာအုပ်စု၊ ရေပယ်ကျေးရွာရှိ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ညောင်ရွှေမြို့နယ်ရုံးမှဆောင်ရွက်မည့် ရေပယ် နုန်းထိန်းတမံအား သွားရောက်ကြည့်ရှုစစ်ဆေးရာ ပြည်နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲ ရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးမှသဲနုန်းတူးဖော်မည့်နေရာအားရှင်းလင်းပြီး ညောင်ရွှေမြို့နယ်ရုံးမှ တာဝန်ရှိသူတစ်ဦးမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်မည့် အစီအစဥ်နှင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း အကောင်အထည်ဖော်မည့်အစီအစဥ်များ ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်က လုပ်ငန်းများကို ဦးစားပေးအလိုက် ဆောင်ရွက်ပေးကြရန်နှင့် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး တောင်သူများမှ လိုအပ်ချက်များတင်ပြရာ နေကြာစေ့မျိုးစေ့များထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် ဒေသခံ များအနေဖြင့် ကြိုးဝိုင်းတောကိုကျူးကျော်မှုမရှိစေရန် ထိန်းသိမ်းကာကွယ်စောင့်ရှောက်နိုင်ရန် အတွက် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန်မှာကြားခဲ့သည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ညောင်ရွှေမြို့နယ်အင်းတိန်ရေလွှဲဆည်အား သွားရောက်ကြည့်ရှုစစ်ဆေးရာ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး (မြို့ပြ)ရုံးညောင်ရွှေမှ တာဝန်ရှိသူတစ်ဦးက ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်နှင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်ဆောင်ရွမည့်လုပ်ငန်းနှင့် အင်းတိန်ရေလွှဲဆည်ကြောင့်ပျက်စီးသွားသည့် နေရာများ (၈) ခုရှိကြောင်းနှင့် ပြန်လည်ပြုပြင်ရန်၊ မြေထိန်းနံရံဆောင်ရွက်မည့်အစီအစဥ်များအား ရှင်းလင်းရာ ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းများကို ပထမ၊ ဒုတိယ၊ တတိယဦးစားပေးဆောင်ရွက်ပေးကြရန်နှင့် လိုအပ်သည့်အခက်အခဲများရှိပါက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန်၊ ဆည်မြောင်းဘောင်ပေါ်မှ အထွက်လမ်းဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး မြေဖို့ထားသည့်နေရာတွင် သင့်လျှော်သောသီးနှံများ စိုက်ပေးရန်၊ အမှိုက်များကိုလည်း စနစ်တကျစွန့်ပစ်ပေးကြရန်လိုကြောင်း မှာကြားပြီး အင်းတိန်ဆည်အား လှည့်လည်ကြည့်ရှူစစ်ဆေးခဲ့ကြောင်းသိရသည်။
ထို့နောက်ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကလောမြို့နယ်ရှိ ကုန်းနီကွန်ကရစ်တံတား ပေ(၈၀)ဆောင်ရွက်ပြီးစီးမှုအား ကြည့်ရှုပြီး ကလောမြို့နယ်ဟဲ၊ ဟိုးမြို့ဘော်နင်းကျေးရွာအနီးရှိ စိုက်ပျိုးမြေများရေလွှမ်းမိုးမှုအခြေအေနအား သွားရောက်ကြည့်ရှုစစ်ဆေးရာ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးဌာနမှ တာဝန်ရှိသူတစ်ဦးက ဟဲဟိုးကန်လယ်ယာတူးမြောင်းနှင့် ရေနုတ်မြောင်း အမှတ် (၃) သဲနုန်းတူးဖော်ခြင်း ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်ဆောင်ရွက်မည့်လုပ်ငန်း အစီအစဥ်များကို ရှင်းလင်းရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များမှာကြား၍ လုပ်ငန်းများကို ဦးစားပေးအလိုက်ဆောင်ရွက်ရန်နှင့် လမ်းများကိုလည်း ကျေးလက်ကုန်ထုတ်လမ်းအဖြစ် ဆောင်ရွက်ပေးရန် သက်ဆိုင်ရာဌာနများနှင့်ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မယ်ဆိုင်မယ်ဟောက်ချောင်းတစ်လျှောက် မြန်မာနိုင်ငံဘက်မှ ထိုင်းနိုင်ငံနယ်နိမိတ်အတွင်း ကျူးကျော်တည်ဆောက်ထားသည့် အဆောက်အဦ၊ အုတ်တံတိုင်းများ စတင်ဖယ်ရှားပြီးစီးသည့် မြေနေရာအား သွားရောက်ကြည့်ရှုခြင်းနှင့် တာချီလိတ်နဂါးနှစ်ကောင်ကျောင်းရှိ လက်ထောက် ဆရာတော်အား သွားရောက်ဖူးမြော်ကြည်ညို၍ လှူဖွယ်ဝတ္ထုပစ္စည်းများဆက်ကပ်လှူဒါန်းပေးကြပြီး သာသနာရေးဆိုင်ရာများလျှောက်ကာ နဂါးနှစ်ကောင်ကျောင်းတိုက် ဦးစီးပဓာနနာယကဆရာတော် ဒေါက်တာဘဒ္ဒန္တဓမ္မသီရီ(အဘိဓဇမဟာရဋ္ဌဂုရု၊အဘိဓဇအဂ္ဂမဟာပဏ္ဍိတ၊နိုင်ငံတော်သြဝါဒစရိယ)၏အဆောင်အယောင်ဘွဲ့တံဆိပ်တော်များ၊ သမိုင်းဝင်ပစ္စည်းထားရှိမည့် အဆောက်အဦပြင်ဆင်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးကြကြောင်းသိရသည်။။
ရှမ်းပြည်နယ်အစိုးရအဖွဲ့