မိုင်းဆတ် နိုဝင်ဘာ-၃
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ တာဝန်ရှိသူများနှင့်အတူ နိုဝင်ဘာ(၃)ရက် နံနက်(၈)နာရီခွဲက မိုင်းဆတ်မြို့၊ ဖားအီးကျေးရွာတွင် 66Kv မိုင်းခုတ်-မိုင်းဆတ်ဓာတ်အားလိုင်းရှိ သဘာဝဘေးဒဏ်ကြောင့် ပြိုလဲပျက်စီးခဲ့သည့်တာဝါတိုင်များ ပြုပြင်ဆောင်ရွက်နေမှုအခြေအနေ အား သွားရောက်ကြည့်ရှုစစ်ဆေးရာ စီမံကိန်းမန်နေဂျာဦးနိုင်ဝင်းထွန်း(မိတ္ထီလာ)မှ ရှင်းလင်းပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တာဝါတိုင်ပြုပြင်ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ 66kv မိုင်းခုတ်-မိုင်းဆတ်ဓာတ်အားလိုင်းတာဝါတိုင်သည် သဘာဝဘေးဒဏ်ကြောင့် ပြိုလဲပျက်စီးခဲ့သည့်အတွက် တာဝါတိုင်အသစ်ပြန်လည်တည်ဆောက်မည့် ဓာတ်အားလိုင်း (၀.၈)မိုင် ဖြစ်ကြောင်းနှင့် နိုဝင်ဘာလပထမအပတ်တွင် အပြီးဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဖားအီးကျေးရွာရှိ နားမတံတားသို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ မိုင်းဆတ်မြို့နယ် ကျိုင်းတုံ-ပန်လီ-မိုင်းခုတ်-မိုင်းဆတ်လမ်း (142km 143km)အတွင်း ပေ ၇၀ အရှည် နှစ်လွှာတစ်ထပ်ဘေလီတံတားဆောင်ရွက်နေမှုကို တံတား ဦးစီးဌာန(ရုံးချုပ်) အင်ဂျင်နီယာချုပ် ဦးဇော်လင်းမြတ် တိုင်းတာဝန်ခံမှ ရှင်းလင်း၍လည်းကောင်း၊ ကျိုင်းတုံ-ပန်လီ-မိုင်းခုတ်-မိုင်းဆတ်လမ်း သဘာဝဘေးမိုးဒဏ်ကြောင့် ပျက်စီးသွားသဖြင့် ပြန်လည်ပြုပြင်ဆောင်ရွက်မှုဆိုင်ရာ အချက်အလက်များနှင့် ပတ်သက်၍ ရှမ်းပြည်နယ်(အရှေ့ပိုင်း) လမ်းဦးစီးဌာနညွှန်ကြားရေးမှူး ဦးရဲလင်း မှ ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လမ်းလွဲများ ဆောင်ရွက်မည်ဆိုပါက လမ်းအနိမ့်အမြင့်နေရာများကို မြေညှိပေးရန်နှင့် တံတားတည်ဆောက်မည့် နေရာတွင်လည်း ဘေလီတံတားအကွာအဝေး၌ ဆောင်ရွက်ရန်မှာကြားခဲ့သည်။
၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သဘာဝဘေးဒဏ်ကြောင့် ရေတိုက်စား ပျက်စီးသွားသော လမ်းနေရာများအား ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ဖြည့်စွက်မှာကြား ခဲ့ကြောင်းသိရသည်။
ယင်းနောက် တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့၊ အောင်မြတ်ခန်းမ၌ကျင်းပသော ရာဂီ မုန်တိုင်းကြောင့် ထိခိုက်ပျက်စီးမှုများအတွက် ထောက်ပံ့ငွေပေးအပ်ပွဲနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင် အလှူငွေများထည့်ဝင်ပေးကြသည့် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ပွဲအခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင် တက်ရောက်၍ အဖွင့်အမှာ စကားပြောကြားရာ သဘာဝဘေးဒဏ်ကြောင့်နိုင်ငံတော်မှ ပြန်လည်ထူထောင်ရေးများနှင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ရေဘေးစုရပ်စခန်းများတွင် ပြည်သူများကို ဆန်၊ ဆီ၊ ဆား၊ ဆေးများကိုလည်း ထောက်ပံ့ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့နယ်အတွင်း သဘာဝဘေးဒဏ်ကြောင့် နေအိမ်များ ထိခိုက်ပျက်စီး ပြိုကျ (၇၁) လုံး၊ တစ်စိတ်တစ်ပိုင်းပျက်စီး (၃၃) လုံး၊ စုစုပေါင်း (၁၀၄) လုံးကို နေအိမ် (လုံးဝပျက်စီး)အတွက် (၁) အိမ်လျှင် (၂၃၅၀၀၀၀) ကျပ်နှုန်းဖြင့်လည်းကောင်း၊ နေအိမ် (တစ်စိတ်တစ်ပိုင်း)ပျက်စီးအတွက် (၁) အိမ်လျှင် (၁၇၅၀၀၀၀) ကျပ်နှုန်းဖြင့်လည်းကောင်း၊ စုစုပေါင်းကျပ် (၂၂၄၆) သိန်း ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင် အားလုံးကဝိုင်းဝန်းဆောင်ရွက်နေသည်ကို တွေ့ရှိရပါကြောင်း၊ မယ်ဆိုင်ချောင်း ကိစ္စရပ်များကို နိုင်ငံခြားရေးရာဝန်ကြီးဌာနက မကြာမီဖြေရှင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မယ်ဆိုင်ချောင်းရေစီးရေလာကောင်းမွန်ရေးအတွက် စိစစ်ရမည်ဖြစ်ကြောင်း၊ မယ်ဆိုင်ချောင်း ပတ်ဝန်းကျင်တွင် ခြံစည်းရိုးများ၊ အဆောက်အဦများ ဖယ်ရှားမှသာ မယ်ဆိုင်ချောင်းတိမ်ကောမှု များကို ကာကွယ်နိုင်မည်ဖြစ်ကြောင်း၊ မြေပြင်ကိုကွင်းဆင်းကြည့်ရှုမှသာ မည်ကဲ့သို့ဆောင်ရွက်ရန် လိုအပ်သည်ကို သိရှိနိုင်မည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာဌာနဆိုင်ရာများ၊ ပရဟိတအဖွဲ့များ၊ ပြည်သူများက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးပါက အောင်မြင်မှုရရှိမှာဖြစ်ကြောင်းပြောကြားသည်။
ယင်းနောက် ရာဂီမုန်တိုင်းကြောင့်ထိခိုက်ပျက်စီးမှုများအတွက် ထောက်ပံ့ငွေပေးအပ်ခြင်းနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် အလှူငွေများထည့်ဝင်ပေးသည့် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင် က မိုင်းဆတ်ခရိုင် နယ်မြေအတွင်း ဝမ်ဟုန်ဒေသမှ ထိခိုက်ဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သည့် သီးနှံစုံစိုက်ခင်း (၃၆၁၁) ဧကအတွက် အမျိုးသားသဘာဝဘေးကော်မတီမှ မျိုးစပါးနှင့်မျိုးစေ့များဝယ်ယူရန်အတွက် ထောက်ပံ့ပေးအပ်သည့် ထောက်ပံ့ငွေကျပ် (၁၉၇.၁) သန်း တာချီလိတ်မြို့နယ်မှ နေအိမ် (၁၀၄) လုံး အတွက် စုစုပေါင်းထောက်ပံ့ငွေကျပ် (၂၂၄.၆) သန်းနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် အလှူငွေများထည့်ဝင်ပေးကြသည့် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ရာ ရေဘေးသင့်ပြည်သူများနှင့် အလှူရှင်များမှ လက်ခံရယူကြသည်။
ဆက်လက်၍ ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် အလှူငွေများထည့်ဝင်ပေးကြသည့် အလှူရှင်များကို ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့) ဥက္ကဋ္ဌဦးဇော်လွင်ဦး တို့ကဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ရာ အလှူရှင်အသီးသီးမှ လက်ခံရယူ ကြကြောင်းသိရသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တာချီလိတ်မြို့၊ ရေကြီးရေလျှံဖြစ်ပြီးနောက် ပုန်းထွန်ရပ်ကွက်အတွင်းကျန်ရှိနေသည့် နှုန်းများကို တာချီလိတ်မြို့နယ်စည်ပင်သာယာရေးမှ ရှင်းလင်းဆောင်ရွက်ပြီးစီးမှု (၇၇) ရာခိုင်နှုန်းအား သွားရောက်ကြည့်ရှုစစ်ဆေးရာ ပြည်နယ် ဝန်ကြီးချုပ်က လိုအပ်သည်များကို သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး တာချီလိတ်မြို့၊ ပုန်းထွန်ရပ်ကွက်နှင့် တာလော့ရပ်ကွက်ရေကြီးရေလျှံမှုကာကွယ်နိုင်ရန်အတွက် သံကူကွန်ကရစ်ကျောက်စီမြေထိန်းနံရံ တည်ဆောက်ခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးရာ တာချီလိတ်ခရိုင်စည်ပင်သာယာရေးဌာနမှ တာဝန်ရှိသူတစ်ဦးမှရှင်းလင်းပြီး ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းများကို ဦးစားပေးအလိုက်ဆောင်ရွက်ရန်နှင့် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရန်လိုအပ်ကြောင်းမှာကြား၍ ရေကြီးမှုကြောင့်နှုန်းများဝင်ရောက်၍ နစ်မြုပ်နေသော တာချီလိတ်ခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနရုံးအား ကြည့်ရှုစစ်ဆေး ခဲ့ကြောင်းနှင့် ဓာတ်သတ္တုအလတ်စားခွင့်ပြုမိန့်ရကုမ္ပဏီများမှ တာလော့ရပ်ကွက်အတွင်း သဲနုန်းနှင့် အမှိုက်များဆယ်ယူနေမှု၊ တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ)ရပ်ကွက်၊ သီရိမင်္ဂလာဆန်ဆိုင်း ဘုန်းကြီးကျောင်းလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းတို့ကိုကြည့်ရှုပြီး လိုအပ်သည်များကို ဖြည့်စွက် မှာကြားခဲ့ကြောင်းသိရသည်။
၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တာချီလိတ်နဂါးနှစ်ကောင်ဆရာတော် ဘဒ္ဒန္တသုဓမ(သာသနာတက္ကသီလဓမ္မာစရိယ B.A Buddisim M.A သီရိလင်္ကာ မဟာဂန္တဝါစက ပဏ္ဍိတ)အား သွားရောက်ဖူးမြော်ကြည်ညို၍ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပေးကြပြီး ပျံလွန်တော်မူပြီးသော နဂါးနှစ်ကောင်ကျောင်းတိုက် ဦးစီးပဓာန၊ နာယကဆရာတော် ဒေါက်တာဘဒ္ဒန္တဓမ္မသီရီ (အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာပဏ္ဍိတ၊နို င်ငံတော်သြဝါဒစရိယ) ၏ အဆောင်အယောင်၊ ဘွဲ့တံဆိပ်တော်များ၊ သမိုင်းဝင်ပစ္စည်းများ ထားရှိမည့်နေရာနှင့် ဆရာတော်အသုံးပြုခဲ့သော မော်တော်ယာဥ်များအား သွားရောက်ကြည့်ရှု၍ တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားခဲ့ပြီး တာချီလိတ်ဆန်ဆိုင်း အခြေခံပညာအထက်တန်းကျောင်းအား သွားရောက်ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များကို သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့