ခိုလမ် သြဂုတ်-၂၃
အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုများကြောင်း ခိုလမ်မြို့နယ်အတွင်းသို့ ခေတ္တ တမ်းရှောင် ရောက်ရှိနေသော တိုက်ပွဲရှောင်ပြည်သူများအား ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာချုပ်၊ တိုင်းမှူးဗိုလ်ချုပ် မျိုးမင်းထွန်း၊ ပြည်နယ် ဝန်ကြီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူတို့သည် သြဂုတ်(၂၃)ရက် နံနက်(၈)နာရီက နယ်မြေခန်းမသို့ သွားရောက်တွေ့ဆုံ အားပေး၍ လိုအပ်သည့် စားနပ်ရိက္ခာများ ထောက်ပံ့ပေးအပ်ခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က တိုက်ပွဲရှောင် သားသမီးများအား ပညာ တတ်မြောက်အောင် ဆောင်ရွက်ပေးကြရန်၊ သက်ဆိုင်ရာပညာရေးဌာနနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ တိုက်ပွဲရှောင်အချင်းချင်း ပူးပေါင်း၍ စိတ်မကျဘဲ ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြရန် အားပေးစကား ပြောကြားခဲ့သည်။
ထို့နောက် နမ့်စန်လေတပ်စခန်းဌာနချုပ်၊ အားကစားခန်းမ၌ ပြည်သူ့စစ်(ဌာနေ)အဖွဲ့များ အား သွားရောက်တွေ့ဆုံ ထောက်ပံ့ပစ္စည်းပေးအပ်ရာ ပြည်သူစစ်(ဌာနေ) အဖွဲ့များမှ တစ်ဦးချင်း မိတ်ဆက်ကြပြီး ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်က ပြည်သူ့စစ်ခေါင်းဆောင်များနှင့် တွေ့ဆုံရသည်မှာ ဝမ်းသာပါကြောင်း၊ လုံခြုံရေးနှင့်တရားဥပဒေ စိုးမိုးရေးအတွက် ဆောင်ရွက် ပေးကြရန်၊ လုံခြုံရေးကိစ္စရပ်များ ဆောင်ရွက်ရာတွင် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ဆောင်ရွက် ပေးကြရန်၊ ပြည်သူ့စစ်အဖွဲ့အနေဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကျန်းမာရေး၊ ပညာရေးနှင့်လမ်း၊ လျှပ်စစ်မီးကိစ္စရပ်များကို ကျေးရွာအတွက် လိုအပ်ချက်ရှိပါက ဆောင်ရွက်ပေးကြရန်၊အခက်အခဲရှိပါက တင်ပြပေးကြရန်ပြောကြားသည်။
၎င်းနောက် ပြည်သူ့စစ်(ဌာနေ)အဖွဲ့များအား ပြည်နယ်ဝန်ကြီးချုပ်၊ အရှေ့အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်တာဝန်ရှိသူများက ထောက်ပံ့ပစ္စည်းများ ပေးအပ်ရာ (ဌာနေ)ပြည်သူ့စစ် အဖွဲ့(၇)ဖွဲ့မှတာဝန်ရှိသူများနှင့် ခေါင်းဆောင်အသီးသီးမှလက်ခံရယူကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နမ့်စန်မြို့နယ် နေကြာသီးနှံ မျိုးသန့်ပွားနှင့် စံပြကွက်စိုက် တောင်သူများအား သီးနှံမျိုးစေ့နှင့် သွင်းအားစု ဓါတ်မြေသြဇာများ ထောက်ပံ့ ပေးအပ်ပွဲ တက်၍ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ပြည်တွင်းစားသုံးဆီ လိုအပ်ချက်ကို ဖြည့်ဆီးပေးရန်နှင့် ပြည်ပမှစားသုံးဆီတင်သွင်းမှုကို လျော့ချနိုင်ရေးအတွက် ရှမ်းပြည်နယ်ကို မြန်မာနိုင်ငံ၏ တတိယဆီအိုးကြီးအဖြစ် အကောင်အထည်ဖော်ရန် ဆီထွက်သီးနှံ နေကြာသီးနှံ တိုးချဲ့စိုက်ပျိုးရေးကို စီမံချက်တစ်ခုအနေဖြင့် အထူးအလေးထား ဆောင်ရွက်လျက် ရှိပါကြောင်း၊ ရှမ်းပြည်နယ် ဆီဖူလုံရေးအတွက် ၂၀၂၄-၂၀၂၅ခုနှစ် စိုက်ပျိုးရာသီအတွင်း ဆီထွက်သီးနှံ စုစုပေါင်း မြေဧရိယာ ၄၁၃၈၅၁ဧက စိုက်ဧကနှင့် ဆီဖူလုံမှုရာခိုင်နှုန်းမှာ ၇၉.၁၅ရာခိုင်နှုန်း ရည်မှန်းဆောင်ရွက်လျက် ရှိပါကြောင်း ပြောကြားသည်။
ထို့နောက် ရှမ်းပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးကိုယ်စား ဒုတိယပြည်နယ် ဦးစီးမှူးဦးငြိမ်းထွန်းမှ နေကြာသီးနှံမျိုးစေ့နှင့် သွင်းအားစုဓါတ်မြေသြဇာများ ထောက်ပံ့ ပေးအပ်ခြင်းနှင့် စပ်လျဥ်း၍တင်ပြဆွေးနွေးပြီး၊ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက နမ့်စန်မြို့နယ် နေကြာသီးနှံမျိုးသန့်ပွားနှင့် စံပြကွက်စိုက်ပျိုး ထုတ်လုပ်မည့် တောင်သူများထံသီးနှံမျိုးစေ့နှင့် သွင်းအားစုဓာတ်မြေသြဇာများကို ပေးအပ်ရာ နေကြာသီးနှံစိုက် တောင်သူအသီးသီးမှ လက်ခံရယူ၍ နေကြာသီးနှံမျိုးသန့်ပွားနှင့် စံပြကွက်စိုက်တောင်သူများ ကိုယ်စား တောင်သူ ဦးကျော်ကျော် မှကျေးဇူးတင်စကားပြောကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သီးထပ်သီးညှပ် စိုက်ပျိုးထားသော ပဲစင်းငုံ စိုက်ခင်းအတွင်း ယာစပါး၊ အစေ့ထုတ်ပြောင်း၊ နေကြာ၊ မြေပဲ၊ ပဲပုပ်၊ စိုက်ပျိုးအောင်မြင် ဖြစ်ထွန်းနေမှုကို လှည့်လည်ကြည့်ရှုကြကြောင်း သိရသည်။
ထို့မှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နမ့်စန်မြို့နယ်၊ ဝမ်ပိန်းကျေးရွာအုပ်စု၊ ပန်လင်းဆိုင်ရွာ ငွေငါးကန်၌ ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနား တက်ရောက်၍ မြက်စားငါး ကောင်ရေ(၆၂၀၀)၊ ရွှေဝါငါးကြင်း ကောင်ရေ(၂၅၀၀)၊ ငါးမြစ်ချင်း ကောင်ရေ(၁၃၅၀၀)၊ ငါးကြင်းဖြူ ကောင်ရေ(၂၄၀၀)၊ ငါးခုံးမကောင်ရေ(၁၀၀၀၀) စုစုပေါင်းကောင်ရေ(၃၄၆၀၀) ငါးမျိုးစိုက်ထည့် ပေးကြသည်။
၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် နမ့်စန်အမှတ်(၈) ခုတင်(၁၀၀) သို့ သွားရောက်ကာ ဆေးရုံတက်ရောက်ကုသနေသော ပြည်သူများကို အားပေးစကား ပြောကြား၍ စားစရာပစ္စည်းများ ပေးအပ်ပြီး ဆေးရုံအတွက် ထောက်ပံ့ငွေပေးအပ်ရာ တာဝန်ရှိသူများမှ လက်ခံရယူကြသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့