တောင်ကြီး ဇူလ်ုင်-၁၈
ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်အလိုက်အသက်(၁၈)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲဆုချီးမြှင့်ပွဲကို ဇူလိုင်(၁၈)ရက်နံနက်(၁၀)နာရီခွဲက တောင်ကြီးမြို့၊ ပြည်နယ်အားကစားကွင်း၌ ကျင်းပသည်။
ဆုချီးမြှင့်ပွဲတွင် အမျိုးသား၊ အမျိုးသမီး မီတာ(၂၀၀)ပြိုင်ပွဲနှင့် လက်ဆင့်ကမ်း ၁၀၀×၄ပြိုင်ပွဲကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် သူနာပြုသင်တန်းသူများ၊ အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ၊ အခြေခံပညာကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက ကြည့်ရှုအားပေးကြသည်။
ဆက်လက်၍ ဆုရရှိသူများအား ဆုချီးမြှင့်ရာ အမျိုးသား၊ အမျိုးသမီး မီတာ(၃၀၀၀)ပြိုင်ပွဲတွင် တတိယ၊ ဒုတိယ၊ ပထမဆုရရှိသူများ၊ အမျိုးသား၊ အမျိုးသမီး သုံးဆင့်ခုန်ပြိုင်ပွဲ၊ အမျိုးသား၊ အမျိုးသမီး လှံတံပြစ်ပြိုင်ပွဲ၊ အမျိုးသား မီတာ(၁၀၀)ပြိုင်ပွဲတွင် တတိယ၊ ဒုတိယ၊ ပထမဆုရရှိသူများကို ပြည်နယ်အဆင့်ဌာနဆိုင်များ၊ တက္ကသိုလ်ပါမောက္ခချုပ် အသီးသီးနှင့် ပြည်နယ်ရဲမှူးချုပ်တို့က ဆုများချီးမြှင့်ပေး၍လည်းကောင်း၊ အမျိုးသမီး မီတာ(၁၀၀)ပြိုင်ပွဲတွင် တတိယ၊ ဒုတိယ၊ ပထမဆုရရှိသူများ၊ အမျိုးသား၊ အမျိုးသမီး မီတာ(၄၀၀)ပြိုင်ပွဲတွင် တတိယ၊ ဒုတိယ၊ ပထမဆုရရှိသူများ၊ အမျိုးသမီး မီတာ(၁၀၀×၄)လက်ဆင့်ကမ်းပြိုင်ပွဲတွင် တတိယ၊ ဒုတိယ၊ ပထမဆုရရှိသူများကို ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်ဝန်ကြီးများက ဆုများချီးမြှင့်ပေး၍လည်းကောင်း၊ အမျိုးသား မီတာ(၁၀၀×၄)လက်ဆင့်ကမ်းပြိုင်ပွဲတွင် တတိယ၊ ဒုတိယ၊ ပထမဆုရရှိသူများနှင့် အမျိုးသမီး ပင်းတယ၊ အမျိုးသား လင်းခေး တံခွန်စိုက်ဖလား၊ စုပေါင်းတံခွန်စိုက်ဖလားရရှိသော တောင်ကြီးမြို့နယ် အသင်းတို့အား ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ဆုများချီးမြှင့်ပေးကြကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့