အောင်ပန်း ဇူလိုင်-၁၂
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ အမှတ်(၂) တပ်မတော်ဆေးရုံခုတင်(၇၀၀) ဆေးရုံအုပ်ကြီးနှင့် တပ်မတော်အရာရှိကြီးများ၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့် တာဝန်ရှိသူများသည် ဇူလိုင်(၁၂)ရက်နံနက်(၉)နာရီခွဲက အောင်ပန်းမြို့၊ အမှတ်(၂) တပ်မတော်ဆေးရုံခုတင်(၇၀၀)တွင် ဆေးလာရောက်ကုသနေသော တပ်မတော်သားများ ပြည်သူ့စစ်များ၊ ဒေသခံပြည်သူများကို သွားရောက်ကြည့်ရှု အားပေးစကားပြောကြား၍ အာဟာရပြည့် စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြကြောင်းသိရသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ဒုတိယတိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများသည် အမှတ်(၅၅)တပ်မဌာနချုပ်၊ အမှတ်(၉၄)ခြေလျင်တပ်ရင်း ဇောတိကခန်းမတွင် တိုက်ပွဲရှောင်ပြည်သူများအား တွေ့ဆုံ၍ အားပေးစကားပြောကြားပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ဆန်နှင့်ထောက်ပံ့ငွေများကို ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်ကပေးအပ်ရာ တာဝန်ရှိသူများမှ လက်ခံရယူကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့