အေးသာယာ ဇွန်-၂၉
စက်မှုလုပ်ငန်းနှင့် စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဥ်များနှင့်ပတ်သက်၍ ဇွန်(၂၉)ရက်နံနက်(၉)နာရီက အေးသာယာ(စက်မှုဇုန်)ခန်းမ၌ တောင်ကြီး(အေးသာယာ)စက်မှုဇုန်ရှိ လုပ်ငန်းရှင်များနှင့်တွေ့ဆုံကြောင်းသိရသည်။
တွေ့ဆုံပွဲတွင် ရှမ်းပြည်နယ်စက်မှုဇုန်ဖော်ဆောက်ရေးနှင့် ကြီးကြပ်ကော်မတီ(ဒေသဆိုင်ရာ ကော်မတီ)နာယက၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က စက်မှုဇုန်လုပ်ငန်းများသည် အရေးကြီးသော ကဏ္ဍတစ်ရပ်တွင် ပါဝင်နေသောကြောင့် စနစ်တကျရှိရန် လိုအပ်ပါကြောင်း၊ စက်မှု လုပ်ငန်းရှင်များ အနေဖြင့် တွေ့ကြုံနေရသည့် အခက်အခဲနှင့် ဆောင်ရွက်ပေးစေလိုသည့် ကိစ္စရပ်များ ရှိပါက တင်ပြပေးရန်နှင့် အားလုံးဝိုင်းဝန်းပူးပေါင်းပေးကြရန် တိုက်တွန်းလိုကြောင်းဖြင့် ပြောကြားခဲ့သည်။
ဆက်လက်၍ ရှမ်းပြည်နယ်ဒေသဆိုင်ရာ စက်မှုဇုန်ဖော်ဆောင်ရေးနှင့် ကြီးကြပ်ရေးကော်မတီ အတွင်းရေးမှူးဦးမျိုးလွင်က ရှမ်းပြည်နယ်အတွင်းရှိ စက်မှုဇုန်စက်မှုရပ်ကွက်များ ဖော်ထုတ်မှုအခြေ အနေနှင့် စက်မှုလုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေများ တင်ပြရှင်းလင်းပြီး တက်ရောက်လာ သည့် စက်မှုဇုန်ရှိလုပ်ငန်းရှင်များ၊ စက်မှုဇုန်ဖော်ဆောင်ရေးနှင့် ကြီးကြပ်ရေးကော်မတီ တာဝန်ရှိ သူများ၊ တောင်ကြီးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌတို့က ရှင်းလင်းဆွေးနွေးတင်ပြကြကြောင်းနှင့် ပြည်နယ်စီးပွားရေးရာဝန်ကြီးက စက်မှုဇုန်ဖော်ဆောင်ရေးနှင့် ကြီးကြပ်ရေးကော်မတီ ဖွဲ့စည်းပုံနှင့် ပတ်သက်၍ ဆွေးနွေးကြကြောင်းသိရသည်။
ထိုနောက် ရှမ်းပြည်နယ်စက်မှုဇုန်ဖော်ဆောင်ရေးနှင့် ကြီးကြပ်ရေးကော်မတီ (ဒေသဆိုင်ရာ ကော်မတီ)နာယက၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က စက်မှုဇုန်ရှိလုပ်ငန်းရှင်များ၏ တင်ပြချက်များအပေါ် ပြန်လည်ဖြေရှင်းကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့