ဟိုပုံး ဇွန်-၂၅
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့တွင်ပြည်သူ့စစ်မှုထမ်းသင်တန်းဖွင့်ပွဲကို ဇွန်(၂၅)ရက် နံနက်(၇)နာရီခွဲက တပ်မတော်ကွန်ပျူနှင့်နည်းပညာသိပ္ပံကျောင်း စစ်ရေးပြကွင်း၌ကျင်းပရာ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးအောင်အောင်၊ တပ်မတော်ကွန်ပျူနှင့်နည်းပညာသိပ္ပံကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ်သိန်းနိုင်၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တပ်မတော်နည်းပညာနှင့်သိပ္ပံကျောင်းမှ တာဝန်ရှိသူများ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ၊ စစ်မှုထမ်းဟောင်းအဖွဲ့များ တက်ရောက်ကြ သည်။
သင်တန်းဖွင့်ပွဲတွင် ပြည်သူ့စစ်မှုထမ်းသင်တန်းသားများက နိုင်ငံတော်အလံအား အလေးပြုကြ ပြီးတပ်မတော်ကွန်ပျူတာနှင့်နည်းပညာသိပ္ပံ ကျောင်းအုပ်ကြီးဗိုလ်မှူးချုပ်သိန်းနိုင်က အဖွင့်မိန့်ခွန်း ပြောကြား၍ ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်၊ တပ်မတော်ကွန်ပျူတာနှင့်နည်းပညာသိပ္ပံ ကျောင်းအုပ်ကြီးနှင့်တာဝန်ရှိသူများက ပြည်သူ့စစ်မှုထမ်းဆောင်သင်တန်းသားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြသည်။
ဆက်လက်၍ တပ်မတော်ကွန်ပျူတာနှင့်နည်းပညာသိပ္ပံ ဘုရင့်နောင်အားကစားခန်းမ၌ ပြည်သူ့ စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၃/၂၀၂၄)သင်တန်းဖွင့်ပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ပြည်သူ့စစ်မှုထမ်းဆောင်ခြင်းသည် နိုင်ငံသားတစ်ယောက်အတွက် ဂုဏ်ယူ ဖွယ်ဖြစ်ပါကြောင်း၊ ပြည်သူ့စစ်မှုထမ်းဥပဒေသည် အခြားပြည်ပနိုင်ငံများတွင်လည်း ကျင့်သုံးလျက် ရှိပါကြောင်း၊ သင်ကြားပို့ချပေးသည့် ဘာသာရပ်များကို စိတ်ပါဝင်စားစွာ နာယူမှတ်သားကြစေ လိုကြောင်း၊ သင်တန်းကာလပြီးဆုံးပါက မိမိတို့တာဝန်ကျရာ အရပ်ဒေသအသီးသီးတွင် တာဝန် ကျေပွန်သော တပ်မတော်သားများအဖြစ် ဂုဏ်ယူစွာထမ်းဆောင်စေလိုကြောင်းဖြင့် ပြောကြားသွား သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းအတွက် ထောက်ပံ့ငွေပေးအပ်ရာ တပ်မတော် ကွန်ပျူတာနှင့်နည်းပညာသိပ္ပံကျောင်းအုပ်ကြီးက လက်ခံရယူကြောင်းနှင့် အဆိုပါ ပြည်သူ့စစ်မှုထမ်း သင်၀ာန်းအမှတ်စဥ် (၃/၂၀၂၄)တွင်သင်တန်းသား(၆၀၇)ဦး တက်ရောက်ကြ ကြောင်းသိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့