နောင်တရား ဇွန် ၂၂
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်မြို့နယ်၊ ဘုရားဖြူကျေးရွာအုပ်စု၊ မီးသွေးချောင်းကျေးရွာအနီး လှည်းကုန်း-မီးသွေးချောင်း-အင်းတိန် သွား ဂျာမနီကားလမ်းဘေးတွင် ပင်လောင်းမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ သစ်တောဦးစီးဌာနဝန်ထမ်းများ ဒေသခံပြည်သူများနှင့် ကျောင်းသားကျောင်းသူများ စုပေါင်း၍ ပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေးနှင့် ကျေးငှက် တိရိစ္ဆာန်များပေါများပြီး ရာသီဥတု ကောင်းမွန် လာစေရေးအတွက် သစ်ပင်ပျိုးပင်ပေါင်း (၁၀၀၀)ပင်ကို ဇွန်လ(၂၂)ရက် နံနက် ၉ နာရီ အချိန်တွင် စိုက်ပျိုးသည်။
သစ်ပင်စိုက်ပျိုးခြင်းအခမ်းအနားတွင် ပင်လောင်းမြို့နယ် သစ်တောဦးစီးမှူး ဦးကျော်ဇင်မောင်က ချယ်ရီပျိုးပင်(၁၅၀)ပင်နှင့် ခါတော်မှီပျိုးပင်(၁၅၀)ပင်ကို ဒေသခံပြည်သူ များနှင့် လူမူရေးအသင်းဖွဲ့များသို့ ဖြန့်ဝေပေးအပ်သည်။ ဂျာမနီကားလမ်းမကြီးဘေးတွင် ခါတော်မှီပျိုးပင်(၃၀၀)ပင်၊ ချယ်ရီပျိုးပင် (၂၅၀)ပင်၊ စိန်ပန်းပြာပျိုးပင်(၁၀၀)ပင်၊ ကျွန်းပျိုးပင် (၅၀)ပင် စုစုပေါင်း(၇၀၀)ပင်ကို စုပေါင်း စိုက်ပျိုးသည်။ သစ်ပင်ပျိုပင်များ ရေရှည်ရှင်သန် ကြီးထွားရန်အတွက် ပင်လောင်းမြို့နယ် သစ်တောဦးစီးဌာနနှင့် ဒေသခံပြည်သူများဖြင့် ပေါင်းရှင်းခြင်း၊ မြေဆွေးထည့်ခြင်းနှင့် နွေရာသီတွင်ရေလောင်းခြင်း စသည့် သစ်ပင်ကြီးထွားရန်အတွက် ပြုစုပျိုးထောင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်သွားမည်ဟု ပင်လောင်းမြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့