တောင်ကြီး ဇွန်-၁၉
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်ဝန်ကြီးများနှင့် ဇွန်(၁၉)ရက်မွန်းလွဲ(၂)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရရုံးCallခန်းမ၌ မြန်မာနိုင်ငံဆိုင်ရာရုရှားနိုင်ငံ သံအမတ်ကြီးH.E.MR.iskanderAzizovမှ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်အရရှမ်းပြည်နယ်သို့ အလုပ်သဘောလာရောက် တွေ့ဆုံကြောင်းသိရသည်။
ထို့သိုတွေ့ဆုံရာတွင် မြန်မာနိုင်ငံဆိုင်ရာသံအမတ်ကြီး H.E.Mr.iskander Azizovက ပင်းပက်စက်ရုံကို သွားရောက်လေ့လာခဲ့ပြီး စက်ရုံလည်ပတ်နိုင်ရန တွန်းအားပေးခဲ့ပါကြောင်း၊ စဝ်စံထွန်းဆေးရုံကိုလည်း သွားရောက်လေ့လာသွားမည်ဖြစ်ကြောင်း၊ ရှမ်းပြည်နယ်သည်သဘာဝရှုခင်းများ လှပပြီးလူဦးရေအများဆုံး တွေ့ရပါကြောင်း၊ ရှမ်းပြည်နယ်သည်လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ နေထိုင်သည့်အတွက် ရုရှားနိုင်ငံနှင့် တူပါကြောင်း၊ ရုရှားနိုင်ငံနှင့်မြန်မာနိုင်ငံချစ်ကြည်ရေး ပိုမိုကောင်းမွန်အောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းဆွေးနွေးသွားသည်။
ဆက်လက်၍ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ရုရှားနိုင်ငံနှင့် မြန်မာနိုင်ငံသည် ရှေ့ဆက်ပြီးနိုင်ငံအချင်းချင်း ဘက်ပေါင်းစုံတိုးတက်အောင်မြင်အောင် ဆောင်ရွက်သွားနိုင်မည်လို့ ယုံကြည်ပါကြောင်း၊ အစိုးရအချင်းချင်း ပူးပေါင်းဆောင်ရွက်သည့်အပြင် ပြည်သူအချင်းချင်း ခရီးသွားလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရှမ်းပြည်နယ်သည် သံအမတ်ကြီးဆွေးနွေးသလို ကျယ်ပြန့်ပြီးသဝအလှ များပြားပါကြောင်း၊ သံအမတ်ကြီးအနေဖြင့် ရှမ်းပြည်နယ်ကိုရောက်ရှိပြီးဖြစ်၍ ရုရှားပြည်သူများကိုလည်း ပြောပြပေးရန်ယုံကြည်ပါကြောင်း၊ ပင်းပက်စက်ရုံကို အမြန်ဆုံးလည်ပတ်နိုင်အောင် ဆောင်ရွက်ပေးသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ စဝ်စံထွန်းဆေးရုံကြီးကို သွားရောက်လေ့လာမည်ဆိုပါက တာဝန်ရှိသူများမှ လိုက်လံပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း၊ ရုရှားနိုင်ငံမှ စဝ်စံထွန်းဆေးရုံအပြင် တောင်ကြီးမြို့ရှိပြည်သူများအတွက် သောက်ရေ၊ သုံးရေ၊ ရေကန်များကိုလည်း တည်ဆောက်ပေးခဲ့၍ လက်ရှိအချိန်အထိ မြို့ပေါ်နေပြည်သူများက သောက်ရေ၊ သုံးရေကို အသုံးပြုနေပါကြောင်းနှင့် ကျေးဇူးတင်ရှိပါကြောင်း ဆွေးနွေးသည်။ ထို့နောက် နှစ်နိုင်ငံအပြန်အလှန် အမှတ်တရလက်ဆောင် ပေးအပ်ကြကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့