တောင်ကြီး ဇွန်-၁၁
၂၀၂၄ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသများနှင့် ခရိုင်များအလိုက် အသက်(၂၅)နှစ်အောက် အမျိုးသား၊ အမျိုးသမီး ဖူဆယ်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို ဇွန်(၁၀)ရက် ညနေ(၃)နာရီက တောင်ကြီးမြို့၊ ပြည်နယ်လေ့ကျင့်ရေးရုံး၌ ကျင်းပသည်။
ဆုချီးမြှင့်ပွဲတွင် အမျိုးသားဗိုလ်လုပွဲစဥ်ဖြစ် လားရှိုးခရိုင်အသင်းနှင့် တာချီလိတ်ခရိုင်အသင်းတို့ ယှဥ်ပြိုင်ကစား နေမှုကို ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ် ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ သင်တန်းကျောင်းမှ သူနာပြုဆရာမများ၊ အားကစားနှင့်ကာယပညာသိပ္ပံကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ၊ အားကစားဝါသနာရှင်များက ကြည့်ရှုအားပေးကြရာ လားရှိုးခရိုင်အသင်းမှ အနိုင်ရဗိုလ်စွဲ သွားကြောင်း သိရသည်။
ဆက်လက်၍ ဆုချီးမြှင့်ပွဲကျင်းပရာ အမျိုးသား၊ အမျိုးသမီးအကောင်းဆုံး ဂိုးသမားဆု၊ အကောင်းဆုံး အားကစား သမားဆုရရှိသူများကို ရှမ်းပြည်နယ်ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး တို့က ဆုတံဆိပ်နှင့် ငွေသားဆုကိုလည်းကောင်း၊ အမျိုးသမီးအသင်းလိုက် တတိယဆုရရှိသော လွိုင်လင်ခရိုင်အသင်း၊ ဒုတိယဆုရရှိသော ကလောခရိုင်အသင်း၊ အမျိုးသားအသင်းလိုက် တတိယဆုရရှိသော တောင်ကြီးခရိုင်အသင်း ဒုတိယဆု ရရှိသော တာချီလိတ်ခရိုင်အသင်းတို့အား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုကို ပြည်နယ်ဝန်ကြီးများက ချီးမြှင့်ပေး၍ လည်းကောင်း၊ ပထမဆုရရှိသော အမျိုးသမီး၊ အမျိုးသား လားရှိုးအသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုကို ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်က ချီးမြှင့်ပေး၍ တံခွန်စိုက်ဖလားဆုကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ချီးမြှင့်ပေးပြီး စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးကြကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့