နောင်တရား ဇွန် – ၃
နောင်တရားဒေသထွက် သဘာဝမြေသြဇာသည် အဏုဇီဝပိုးများ(EM)ကို ထည့်သွင်း အသုံးပြုထားသောကြောင့် မြေကို ကောင်းမွန်စွာပြုပြင်နိုင်ပြီး ရေရှည်တည်တံ့သောစိုက်ပျိုးရေး (Suatalnable Agriculture)အတွက် အကျိုးပြု ထုတ်လုပ်ထားကြောင်းနှင့် သဘာဝမြေသြဇာတွင် နွားချေး၊ ကြက်ချေး၊ လင်းနို့ချေး၊ အရိုးမှုန့်၊ မြေပြင်ကျောက်များ၊ သစ်ရွက်ဆွေး၊ တီကျစ်စာနှင့် အခြားအမယ်များစွာ ပေါင်းစပ်ပါဝင် ဆောင်ရွက်ထုတ်လုပ်ထားသော စက်ရုံသို့ ဇွန်(၃)ရက် နံနက်(၉)နာရီခွဲက ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်ဝန်ကြီးများ၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်များနှင့် တာဝန်ရှိသူတို့က သွားရောက် ကွင်းဆင်း ကြည့်ရှုကြကြောင်းသိရသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် နောင်တရားအာလူးစိုက်ပျိုးရေးနှင့် အထွေထွေ သမဝါယမအသင်းမှ တစ်သျှူးကာချားနည်းဖြင့် အာလူးမျိုးထုတ်လုပ်ခြင်းလုပ်ငန်းအား ကြည့်ရှုခြင်းနှင့် ရှင်းလင်းဆောင် ခန်းမတွင် နောင်တရားအာလူးထုတ်လုပ်မှု၊ သဘာဝမြေသြဇာထုတ်မှုအဆင့်ဆင့်တို့ကို နောင်တရားအာလူးစိုက်ပျိုးရေး နှင့် အထွေထွေသမဝါယမအသင်း ဥက္ကဋ္ဌ ဦးခွန်းဆန်းဦးမှ ရှင်းလင်းပြီး ရေရှည်တည်တန့်သော အစားထိုး အသက်မွေးဝမ်း ကျောင်းဖွံ့ဖြိုးရေးစီမံကိန်း မယ့်ဖါးလုံဖောင်ဒေးရှင်းနှင့်ပတ်သက်၍ မြန်မာနိုင်ငံစီမံကိန်း ညွှန်ကြားရေးမှူး ဦးခန့်အောင်မှ ရှင်းလင်းပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့သည် အာလူးအအေးခန်း၊ အာလူးမျိုးများနှင့် အာလူးအအေး(Control) ခန်း၊ အအေးခန်းပုံးတို့ကို လှည့်လည်ကြည့်ရှုကြကြောင်း သိရသည်။
ထို့နောက် နောင်တရား လက်ဖက်အချိုခြောက်နှင့် သစ်သီးအခြောက်ခံစက်ရုံသို့ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိ သူများက သွားရောက်ကြည့်ရှုရာ စက်ရုံတာဝန်ရှိသူတစ်ဦးမှ ရှင်းလင်းပြီး တီကျစ်မြို့ ကျောက်မီးသွေး မိုင်းတွင်းတို့ကို ကြည့်ရှု ခဲ့ကြကြောင်းသိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့