တောင်ကြီး မေ-၂၅
ကျောက်နီမွေးမြူရေးဇုန်တွင် လုပ်ငန်းများအရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ရေး လုပ်ငန်းရှင် များက ရင်းနှီးမြုပ်နှံမှုနှင့်ပတ်သက်၍ မေ(၂၄)ရက်ည(၇)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ် အစိုးရရုံး အစည်းအဝေးခန်းမ၌ လာရောက်ရှင်းလင်းတင်ပြကြောင်း သိရသည်။
လုပ်ငန်းရှင်ဦးစံလင်းမှ နွားမွေးမြူရေးနှင့်ပတ်သက်၍ရှင်းလင်းရာ စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့်ထုတ်ကုန်များ ပိုမိုထုတ်လုပ်နိုင်ပြီး အရည်အသွေးမြင့်မားသည့် နို့ထွက်နှုန်း ကောင်းမွန်သောHolstein Friesian(၅၀%-၇၅%)များအား စီးပွားဖြစ်မွေးမြူနိုင်ရန်၊ ရာသီဥတု နှင့်အစာကြမ်းဒဏ်ခံနိုင်ရည်ရှိသော မြန်မာ့ဒေသနွားမျိုး (Friesian နှင့် Local zebu)နွားများကို ပြင်သစ်နွားသိုးမျိုးချောင်းအသုံးပြု၍ မေထုန်မဲ့နည်းဖြင့်သားစပ်၍ ဒေသတွင်းရှိနို့စားနွား
များကို မျိုးမြှင့်တင်ရန်၊ တန်ဖိုးမြှင့်နို့နှင့် နို့ထွက်ပစ္စည်းများထုတ်လုပ်နိုင်ပြီး ပြည်ပမှနို့နှင့် နို့ထွက်ပစ္စည်းများတင်သွင်းမှုကို လျှော့ချနိုင်ရန်နှင့် နို့နှင့်နို့ထွက်ပစ္စည်းများကို စျေးနှုန်းချိုသာ၍ လက်လှမ်းမီလွယ်ကူစွာ ဝယ်ယူစားသုံးနိုင်စေခြင်းဖြင့် ပြည်သူများ၏ကျန်းမာရေးကို အထောက် အကူပြုရန်ရည်ရွယ်၍ ရှင်းလင်းသွားကြောင်းသိရသည်။
ဆက်လက်၍တက်ရောက်လာကြသည့် ပြည်နယ်ဝန်ကြီးများ၊ သက်ဆိုင်ရာပြည်နယ်အဆင့် ဌာနဆိုင်ရာများက မွေးမြူရေးလုပ်ငန်းနှင့် ပတ်သက်၍ဖြည့်စွက်ရှင်းလင်းကြပြီး အထွေထွေ ဆွေးနွေးကာ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်က လိုအပ်သည်များဖြည့်စွက်ဆွေးနွေး၍ ကျောက်နီမွေးမြူရေးဇုန်တွင် လုပ်ငန်းများအရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ရေးနှင့်ပတ်သက်၍ လုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက်သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွား ကြရန် နိဂုံးချုပ်စကား၌ ပြောကြားသွားကြောင်းသိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့