ညောင်ရွှေ ဧပြီ-၁၆
၁၃၈၅ခု မြန်မာ့ရိုးရာမဟာသကြင်္န်အတက်နေ့ ဧပြီ(၁၆)ရက် နံနက်(၉)နာရီက ညောင်ရွှေမြို့ မိုင်းသောက်အင်းအနီးရှိ ရေလယ်ဧည့်ခန်းမတွင် အင်းလေးရေပေါ်သကြင်္န် စည်ကားသိုက်မြိုက်စွာ ကျင်းပရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်နှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများ၊ ယိမ်းအဖွဲ့များ၊ ဒေသခံပြည်သူများမှ အေးချမ်းပျော်ရွှင် စည်ကားသိုက်မြိုက်စွာ ပါဝင်ဆင်နွဲကြကြောင်း သိရသည်။
အင်းလင်းရေပေါ်သကြင်္န်တွင် အင်းလေးဒေသရှိ ယိမ်းအကအဖွဲ့များ၊ နိုင်ငံကျော်အဆိုတော်များက ဖျော်ဖြေတင်ဆက်ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများက အတာရေ ပက်ဖျန်းပေးကြကြောင်းနှင့် စတုဒီသာများဖြင့် ဧည့်ခံကျွေးမွေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ရွှေနေကြာမဏ္ဍပ်သို့ တက်ရောက်ချီးမြှင့်ပေး၍ အတာရေပက်ဖျန်းပေးကြကြောင်းနှင့် အလားတူ တောင်ကြီးဗဟိုမဏ္ဍပ်၊ ခရိုင်၊ မြို့နယ် မဏ္ဍပ်တို့တွင်လည်း လမ်းလျှောက်သကြင်္န်၊ စတုဒီသာမဏ္ဍပ်တို့ဖြင့် စည်ကားသိုက်မြိုက်စွာ ဒေသခံပြည်သူများမှ အေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွဲကြကြောင်းသိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး