ဟိုပုံး ဧပြီ-၁၅
၁၃၈၅ ခု မြန်မာ့ရိုးရာ မဟာသကြင်္န်ပွဲတော် သကြင်္နအကြတ်နေ့ ဧပြီ(၁၅)ရက် နံနက်(၉)နာရီက ဟိုပုံးမြို့ တပ်မတော်ကွန်ပျူတာနှင့်နည်းပညာသိပ္ပံ၌ ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်နှင့်ဇနီး၊ တပ်မတော်ကွန်ပျူတာနှင့်နည်းပညာသိပ္ပံကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ်သိန်းနိုင်နှင့် တာဝန်ရှိသူများ၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးနှင့်ဇနီး၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများက တက်ရောက်ချီးမြှင့်ပေးကြသည်။
ဦးစွာ ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီးနှင့်တာဝန်ရှိသူများက ပြည်သူ့စစ်မှုထမ်းသင်တန်းသားများအား အတာရေပက်ဖျန်းပေးကြပြီး တပ်မတော်ကွန်ပျူတာနှင့်နည်းပညာသိပ္ပံကျောင်း ယိမ်းအဖွဲ့များ၊ နိုင်ငံကျော်အဆိုတော်များမှ ဖျော်ဖြေတင်ဆက်ကြပြီး တပ်မတော်ကွန်ပျူတာနှင့်နည်းပညာသိပ္ပံကျောင်း အရာရှိဇနီးယိမ်းများမှ မန်းတောင်ရိပ်ခိုသီချင်းဖြင့် ဖျော်ဖြေနှုတ်ဆက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီးနှင့် တာဝန်ရှိသူများယိမ်းအဖွဲ့များအား အတာရေပက်ဖျန်းပေးကြကြောင်းသိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး