တောင်ကြီး မေ-၂၃
ရှမ်းပြည်နယ်လူငယ်ရေးရာကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၂၄)ကို မေ(၂၃)ရက် နံနက်(၉)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ရှမ်းပြည်နယ်လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ်ဦးအောင်အောင်က လူငယ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် လုပ်ငန်း လမ်းညွှန်ချက်များဖြစ်သည့်အတွက် အမှန်တစ်ကယ်အကောင်အထည်ဖော် ဆောင်ရွက်ရမည့် ကော်မတီဝင်ဌာနများအနေဖြင့် အလေးနက်ထားဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ လူငယ်ရေးရာ ဦးစီးဌာန သီးခြားဖွင့်လှစ်ဆောင်ရွက်နိုင်ခြင်း မရှိသေးသော်လည်း ပြည်နယ်၊ ခရိုင်၊ မြို့နယ် လူငယ်ရေးရာကော်မတီများ ဖွဲ့စည်းထားရှိပြီးဖြစ်၍ လုပ်ငန်းတာဝန်များချမှတ်ပေးပြီးဖြစ်သည့် အတွက် သက်ဆိုင်ရာကဏ္ဍအလိုက်တာဝန်ရှိသူများအနေဖြင့် မိမိတို့၏ဆောင်ရွက်ရမည့်တာဝန်
တွေကို အကောင်အထည်ဖော်ဆောင်ရွက်ရသလို ဆောင်ရွက်ပြီးစီးမှုများကို လစဥ်အစီရင်ခံတင်ပြရန် မှာကြားလိုကြောင်းပြောကြားသည်။
ဆက်လက်၍ ရှမ်းပြည်နယ်လူငယ်ရေးရာကော်မတီ၊ ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်လူမှုရေးရာ ဝန်ကြီး ဦးမင်းမင်းလွင် က မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဥ်(၁/၂၀၂၄) ဆုံးဖြတ်ချက်များနှင့် ရှမ်းပြည်နယ်လူငယ်ရေးရာကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးအမှတ်စဥ် (၃/၂၀၂၃)ဆုံးဖြတ်ချက်များအပေါ် လိုက်နာဆောင်ရွက် ပြီးစီးမှုရှင်းလင်း တင်ပြပြီး ရှမ်းပြည်နယ်လူငယ်ရေးရာကော်မတီ အဖွဲ့ဝင်များက သက်ဆိုင်ရာကဏ္ဍအလိုက် လူငယ် များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်မှုအခြေအနေအား ရှင်းလင်းတင်ပြကြကြောင်းသိရသည်။
ထို့နောက် ရှမ်းပြည်နယ်လူငယ်ရေးရာကော်မတီဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင် က ဖြည့်စွက်ရှင်းလင်းတင်ပြ၍ တက်ရောက်လာကြသူများမှ အထွေထွေဆွေးနွေးကာ ရှမ်းပြည်နယ်လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင် က လိုအပ်သည် များ ဖြည့်စွက်ဆွေးနွေးပြီးနိဂုံးချုပ်စကားပြောကြားခဲ့ကြောင်းသိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့