တောင်ကြီး ဇန်နဝါရီ-၃၁
ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏(၁/၂၀၂၅)ကြိမ်မြောက်အစည်းအဝေးကို ဇန်နဝါရီလ (၃၁)ရက်၊ မွန်းလွဲ(၁)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီအနေဖြင့် ယနေ့အထိ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း(၇)ခု အမေရိကန်ဒေါ်လာ(၁၆.၁၆၃)သန်းနှင့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း (၁၈)ခု (အမေရိကန်ဒေါ်လာ ၇.၅၉၂ သန်းအပါအဝင်) ၄၆၂၁၆.၃၀၁ ကျပ်သန်း စိစစ် ခွင့်ပြုထားပြီး အလုပ်အကိုင်အခွင်းလမ်းပေါင်း ပြည်တွင်း ၁၅၁၃ ဦး ပြည်ပ ၆၈ ဦး ဖော်ဆောင်ပေးနိုင်ခဲ့ပြီးဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီအနေဖြင့် ၂၀၂၄ ခုနှစ်အတွင်း မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း(၃)ခု၊ ရင်းနှီးမြှုပ်နှံမှုပမာဏ (အမေရိကန် ဒေါ်လာ ၀.၃၉၃ သန်း အပါအဝင်) ၈၄၉၅.၅၅၇ ကျပ်သန်း ခွင့်ပြုပေးနိုင်ခဲ့ပြီး အလုပ်အကိုင်အခွင့်အလမ်းပေါင်း ပြည်တွင်း ၉၀ ဦး ဖန်တီးဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း၊ ရှမ်းပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှုများစီးဝင်လာခြင်းဖြင့် ပြည်နယ်စီးပွားရေးမြင့်တက်လာပြီး ဒေသခံများအတွက်လည်း အလုပ်အကိုင်အခွင့်အလမ်းများစွာ ဖော်ဆောင်နိုင်မှာဖြစ်သည့်အတွက် ကော်မတီဝင်များအားလုံးက ပြည်နယ်အတွင်းရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ပိုမိုစီးဝင်လာစေရေးနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ လွယ်ကူချောမွေ့စေရေးကို ပူးပေါင်းဆောင်ရွက်ပေးခြင်းအားဖြင့် ရှမ်းပြည်နယ်၏ရင်းနှီးမြှုပ်နှံမှုဝန်းကျင်ကောင်းကို ဖော်ဆောင်ပေးကြရန်ပြောကြားသည်။
ထို့နောက် ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီအတွင်းရေးမှူး၊ ပြည်နယ်ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနညွှန်ကြားရေးမှူးဦးလေးနိုင်မှ Hi Avocado MTD Company Limited ၏ အစုရှယ်ယာလွှဲပြောင်းခွင့်ပြုပါရန် တင်ပြလာခြင်းအပေါ် ရှင်းလင်းတင်ပြပြီး ကော်မတီ အဖွဲ့ဝင်များမှ ဆွေးနွေး၍ ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က နိဂုံးချုပ်အမှာစကားပြောကြားကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး