တောင်ကြီး ဇူလိုင်-၆
တောင်ကြီးမြို့သန့်ရှင်းသာယာလှပရေးနှင့် ၂၀၂၄-၂၀၂၅ ခုနှစ် ပညာသင်နှစ် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာယာကြည်လင်စွာ စာသင်ကြားနိုင်ရေးအတွက် ဇူလိုင်(၆)ရက်နံနက်(၈)နာရီက တောင်ကြီးမြို့၊ အမှတ်(၄)၊ အမှတ်(၁၀)အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၁၁) အခြေခခံပညာအလယ်တန်းကျောင်း၊ အမှတ်(၁၃) အခြေခံပညာမူလတန်းကျောင်းတို့တွင် ကျောင်းတွင်း၊ ကျောင်းပြင်၌ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ မိဘပြည်သူများ၊ ဒေသခံပြည်သူများက အမှိုက်သရိုက်၊ မြက်၊ ချုံနွယ်များ၊ သစ်ကိုင်းသစ်ခက်များ၊ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့က ကွင်းဆင်းကြည့်ရှုစစ်ဆေး အားပေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာနနှင့် စိန်နှင်းဆီသတ္တုတူးဖော်ရေး ကုမ္ပဏီလိမီတက်တို့ ပူးပေါင်းဆောင်ရွက်သော တောင်ကြီးမြို့ ရွှေဘုန်းပွင့်ဘုရား တောင်အတက်လမ်း အဆင့်မြှင့်တင်ခြင်း ဆောင်ရွက်ပြီးစီးမှုနှင့် ဆေးတက္ကသိုလ်ဘက်မှစ၍ ရွှေဘုန်းပွင့်ဘုရား အဝင်လမ်းဆုံးအထိ ကွန်ကရစ်လမ်းပခုံးများ အနားသတ်ဆောင်ရွက်မည့် ကိစ္စရပ်များကို ပြည်နယ်စည်ပင်သာယာရေးဌာန အဂျင်နီယာတာဝန်ရှိသူတစ်ဦးမှ ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က လိုအပ်သည်များ ဖြည့်စွက်မှာကြားပြီး ရွှေဘုန်းပွင့်ဘုရားအတက်လမ်း ညာဘက်ရှိ မြေထိန်းနံရံ ဆောင်ရွက်မည့်နေရာအား ကြည့်ရှုစစ်ဆေးရာ ကုမ္ပဏီတာဝန်ရှိသူတစ်ဦးမှ ရှင်းလင်းကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့