တောင်ကြီး မတ်-၂၀
ပညာရေးဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၄ခုနှစ် ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့နယ်၊ ကလောမြို့နယ်နှင့် ဟိုပုံးမြို့နယ် စဥ်ဆက်ပညာရေးလုပ်ငန်း (စာဖတ်ရှိန်မြှင့်တင်ရေးအစီအစဥ်) ဂုဏ်ပြုပွဲကို မတ်(၂၀)ရက် နံနက်(၉)နာရီက တောင်ကြီးမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ ဒေါ်ခင်သိန်းခန်းမ၌ ကျင်းပသည်။
ဂုဏ်ပြုပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ရှမ်းပြည်နယ် (တောင်ပိုင်း) မြို့နယ်(၃)ခုမှ စဥ်ဆက်ပညာရေး လုပ်ငန်းများတွင် သင်ကြားခဲ့ကြသူများသည် စာတတ်မြောက်ရေးလုပ်ငန်း သင်ကြားပြီးသူများ၊ ငယ်စဥ်က မူလတန်းပညာ ပြီးဆုံးသူများနှင့် မူလတန်းပညာ တစ်ပိုင်းတစ်စ ပြီးဆုံးပြီးသူများကို စာဖတ်ရှိန်မြှင့်တင်ပေးခြင်း၊ ဝင်ငွေတိုးပွားရေး အသိပညာပေးခြင်းနှင့် ဘဝသာယာရေးအတွက် ပညာပေးခြင်း အစီအစဥ်များကို တစ်ရက်ပျမ်းမျှ (၃)နာရီဖြင့် နာရီပေါင်း(၂၇၀)၊ ရက်အားဖြင့် (၉၀)ကြာ သင်ကြားပေးခဲ့ပါကြောင်း၊ တိုးတက်မှုဆိုင်ရာတွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု သာမက လူမှုရေးမြင့်မား လာမှုပါ ပါဝင်ပါကြောင်း၊ ရပ်ရွာဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် ရပ်ရွာစီးပွားရေး တိုးတက်စေရုံသာမက လူမှုရေးကဏ္ဍပါ တိုးတက်မြင့်မားလာစေရန်နှင့် ရပ်ရွာရှိ လူသားရင်းမြစ်များ ဖွံ့ဖြိုးတိုးတက်လာစေရေး ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ လူသားရင်းမြစ်များ ဖွံ့ဖြိုးတိုးတက်လာပါမှသာ ရပ်ရွာလူ့ဘောင် ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ ပညာရေး၏ အဓိကလုပ်ငန်းသည် လူသားရင်းမြစ် ဖွံ့ဖြိုးတိုးတက်ရေးပင်ဖြစ်ကြောင်း၊ လူတိုင်းအတွက် ပညာရေးကို ဖော်ဆောင်ရာတွင် အကြောင်းအမျိုးမျိုးကြောင့် ကျောင်းသင်ပညာရေး နည်းလမ်းဖြင့် လက်လှမ်းမမီသူများကို ကျောင်းပြင်ပ ပညာရေးနည်းလမ်းဖြင့် ဖော်ဆောင်နိုင်ရန် နိုင်ငံတော်ဝန်ကြီးချုပ်က လမ်းညွှန်မှာကြား ထားခဲ့ပါကြောင်း၊ စဥ်ဆက်ပညာရေး လုပ်ငန်း၏ စာဖတ်ရှိန်မြှင့်တင်ရေး အစီအစဥ်ကို တက်ရောက်သူတိုင်း လက်တွေ့ဘဝ အခြေအနေများ အပေါ် အခြေခံပြီး ရပ်ရွာဖွံ့ဖြိုး တိုးတက်မှုများတွင် ပါဝင်လှုပ်ရှားလာနိုင်သည့် နိုင်ငံသားကောင်းများအဖြစ် ပါဝင်လာမည်ဖြစ်ကြောင်း၊ ဒေသတွင်း တွေ့ကြုံလေ့ရှိသည် သဘာဝဘေးအန္တရာယ်များ အကြောင်းကို သိရှိပြီး ဘေးကင်းလုံခြုံစွာ ကာကွယ်နိုင်ရန် ကြိုတင် ပြင်ဆင်မှုများလည်း ပြုလုပ်လာနိုင်မည်ပါကြောင်း၊ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ရပ်ရွာဖွံ့ဖြိုးမှုစသည့်တို့ ပိုမိုကောင်းမွန် လာစေရန် စာဖတ်ရှိန်မြှင့်တင်ရေး အစီအစဥ်၊ ဘဝသာယာရေး အစီအစဥ်နှင့် ဝင်ငွေတိုးပွားရေး အစီအစဥ် ဘာသာရပ်များကို သင်ယူခဲ့စေပါကြောင်း၊ စဥ်ဆက်ပညာရေးလုပ်ငန်းများတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ပညာရေးဝန်ကြီးဌာနက ပံ့ပိုးသော နည်းပညာများနှင့် ထောက်ပံ့ပစ္စည်းများကို ရယူလျက် စာသင်သား စာရင်းကောက်ယူရေး၊ စာသင်ဝိုင်းများ စုဖွဲ့ရေးနှင့် စာသင်သားများကို သင်ကြားပေးမည့် စေတနာလုပ်အားပေး နည်းပြကြီးကြပ်များကို ပြည်နယ်အဆင့်၊ ခရိုင်အဆင့် ဆင့်ပွားနည်းပြ သင်တန်းဖြစ်မြောက်ရေး၊ စာရင်းကောက်ယူထားသည့် စာသင်သားများကို သင်ကြားပေးမည့် သင်ကြားရေးလုပ်ငန်းစဥ်များတွင် နည်းပြ၊ ကြီးကြပ်များ၊ စာသင်ဝိုင်းများ၊ စာသင်သားများ၊ တစ်ရက်(၃)နာရီနှုန်း သင်ကြားနိုင်ရေးအတွက် အခြေခံလိုအပ်ချက်များကို ပြည်နယ်အစိုးရက ဖွဲ့စည်းပေးထားသည့် အုပ်ချုပ်ရေးမှူးများ ဦးဆောင်သော စာတတ်မြောက်ရေး လုပ်ငန်းကော်မတီ အဆင့်ဆင့်က ဦးဆောင်ပါဝင် လုပ်ဆောင်ကြရန် အထူးအလေးထား မှာကြားလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ စဥ်ဆက်ပညာရေးလုပ်ငန်း ကြီးကြပ်မှုဗဟိုကော်မတီ အတွင်းရေးမှူး၊ ပညာရေးဝန်ကြီးဌာန ကျောင်းပြင်ပနှင့် တစ်သက်သာ ပညာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဝင်းက ပညာရေးဝန်ကြီးဌာန အနေဖြင့် ကျောင်းသင်ပညာရေး နည်းလမ်းဖြင့် ကျောင်းနေအရွယ် ကလေးတိုင်း ကျောင်းရောက်ရေး၊ ကျောင်းနေမြဲရေးနှင့် ကျောင်းထွက်နှုန်း နည်းပါးရေးတို့ကို အလေးထား ဆောက်ရွက်လျက်ရှိပါကြောင်း၊ ရှမ်းပြည်နယ် (တောင်ပိုင်း) မြို့နယ်(၃)ခုတွင် စာသင်ဝိုင်းပေါင်း (၄၀)ဝိုင်းစုဖွဲ့၍ စေတနာလုပ်အားများ၊ နည်းပြ၊ ကြီးကြပ်ပေါင်း (၉၈)ဦးဖြင့် သင်ကြားပေးနိုင်ခဲ့ပြီး ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလတွင် စာတတ်မြောက်ရေးလုပ်ငန်း ပြီးမြောက်ခဲ့ကြောင်း၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) မြို့နယ်(၄)၊ ဧရာဝတီတိုင်းဒေသကြီး မြို့နယ်(၅)ခုနှင့် နေပြည်တော်ကောင်စီ နယ်မြေနယ်တို့တွင် စဥ်ဆက်ပညာရေးလုပ်ငန်း သင်ကြားခြင်း အစီအစဥ်များကို သက်ဆိုင်ရာ ဒေသအစိုးရအဖွဲ့များနှင့် ပူးပေါင်းပြီး ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ လာမည့် ဧပြီလတွင် အမျိုးသားရေး လှုပ်ရှားမှုတစ်ရပ် အနေဖြင့် စာတတ်မြောက်ရေးလုပ်န်း ဆောင်ရွက်ခြင်း အစီကစဥ်များကို သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့်ပြည်နယ် အစိုးရအဖွဲ့များ၏ စီမံမှုနှင့် စာတတ်မြောက်ရေး လုပ်ငန်းဆောင်ရွက်မည့် ခရိုင်၊ မြို့နယ်များတွင် ဦးတည်အုပ်စုများ အလိုက် ဆောင်ရွက်သွားကြရမှာ ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ရှမ်းပြည်နယ် (တောင်ပိုင်း)မြို့ နယ်(၃)မြို့နယ် စဥ်ဆက်ပညာရေးလုပ်ငန်းတွင် ဦးဆောင်စီမံဆောင်ရွက်ခဲ့ သည့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဦးဆောင်ပါဝင် ဆောင်ရွက်ခဲ့သည့် ရှမ်းပြည်နယ်ပညာရေးမှူးရုံး ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့၊ တောင်ကြီးခရိုင်၊ ကလောခရိုင်၊ တောင်ကြီးမြို့နယ်၊ ကလောမြို့နယ်၊ ဟိုပုံးမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနတို့အား စဥ်ဆက်ပညာရေးလုပ်ငန်း ဗဟိုကော်မတီက ပေးအပ်မည့် ဂုဏ်ပြုမှတ်တမ်းလွှာများအား ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်တို့က ပေးအပ်ရာ တာဝန်ရှိသူ အသီးသီးမှ လက်ခံရယူကြပြီး ရှမ်းပြည်နယ် (တောင်ပိုင်း) မြို့နယ်(၃)မြို့နယ် စဥ်ဆက်ပညာရေးလုပ်ငန်းတွင် ဦးဆောင်စီမံ ဆောင်ရွက် ခဲ့ကြသူများ၊ စေတနာလုပ်အားပေးနည်းပြ၊ ကြီးကြပ်ကိုယ်စားလှယ်များ၊ စဥ်ဆက်ပညာရေးလုပ်ငန်းတွင် တက်ရောက်သင်ကြား ခဲ့ကြသည့် စာသင်သား ကိုယ်စားလှယ်များအား ပြည်နယ်ဝန်ကြီးများက ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြပြီး စာသင်သား ကိုယ်စားလှယ် တစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြား၍ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရရိုက်ကူးကာ ပြည်နယ် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက စဥ်ဆက်ပညာရေးလုပ်ငန်းတွင် သင်ကြားပေးခဲ့သည့် မြို့နယ်အလိုက် နည်းပြ၊ ကြီးကြပ်များတို့အား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး