တောင်ကြီး                                                                   ဩဂုတ်၂၁

၂၀၂၃ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ပွဲကို ဩဂုတ်၂၁ရက် နံနက်(၈)နာရီခွဲက တောင်ကြီးမြို့ မြို့တော်ခန်းမ၌ ကျင်းပသည်။

ဆုချီးမြှင့်ပွဲ အခမ်းအနားတွင် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း တောင်ကြီးမှ ကျောင်းသားကျောင်းသူလေး များက “မြန်မာ့ကျောင်းသီချင်း” ဖြင့် သီဆိုဖျော်ဖြေကြပြီး  ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးးက လက်ရှိပညာရေးစနစ်တွင် အခမဲ့ပညာရေး စနစ်ဖြစ်ပြီး ကျောင်းသာများနှင့် မိဘများ အခက်အခဲမရှိစေရေးအတွက် ပညာသင်နှစ်အစတွင် မူလတန်းဆင့် ကျောင်းသားတစ်ဦး လျှင် ပုံနှိပ်စာအုပ်၊ ဗလာစာအုပ် (၁)ဒါဇင်၊ ခဲတံ(၄)ချောင်း၊ ကျောင်းဝတ်စုံ(၁)စုံ အခမဲ့ထောက်ပံ့ပေးခြင်း၊ အလယ်တန်းအဆင့်၊ အထက်တန်းအဆင့် ကျောင်းသား(၁)ဦးလျှင် ပုံနှိပ်စာအုပ်၊ ဗလာစာအုပ် (၁)ဒါဇင်၊ ဘောပင်(၂)ချောင်း၊ ခဲတံ (၂)ချောင်း နှုန်းဖြင့် အခမဲ့ ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ပေးလျှက်ရှိပါကြောင်း၊ ယနေ့အခမ်းအနားတွင် ရှမ်းပြည်နယ်၏ အောင်ချက်ကို လေ့လာကြည့်ပါက ရှမ်းပြည်နယ်(တောင်ပိုင်း) အောင်ချက်တွင် ၂၀၂၂ခုနှစ်မှာ (၄၁.၁၀)ရာခိုင်နှုန်း ဖြစ်ပြီး ၂၀၂၃ခုနှစ်မှာ (၆၆.၇၆)ရာခိုင်နှုန်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)အောင်ချက်တွင် ၂၀၂၂ခုနှစ်မှာ (၄၃.၄၅)ရာခိုင်နှုန်းဖြစ်ပြီး ၂၀၂၃ခုနှစ်တွင် (၇၁.၃၇)ရာခိုင်နှုန်း၊ ရှမ်ပြည်နယ် (အရှေ့ပိုင်း) အောင်ချက်တွင် ၂၀၂၂ခုနှစ်မှာ (၃၂.၁၉)ရာခိုင်နှုန်းဖြစ်ပြီး ၂၀၂၃ခုနှစ်တွင် (၅၅.၃၈)ရာခိုင်နှုန်းဖြစ်ပါကြောင်း ရှမ်းပြည်နယ်တစ်ခုလုံး အောင်ချက်တွင် ၂၀၂၂ခုနှစ်မှာ (၄၀.၇၇)ရာခိုင်နှုန်းဖြစ်ပြီး ၂၀၂၃ခုနှစ်တွင် (၆၆.၉၃)ရာခိုင်နှုန်း ဖြစ်သည့်အတွက် အောင်ချက်ရာခိုင်နှုန်း တိုးတက်မြင့်မားလာသည်ကို တွေ့ရှိရပါကြောင်း ဂုဏ်ထူးရရှိမှု အနေဖြင့် ၂၀၂၂ခုနှစ်တွင်  (၆)ဘာသာဂုဏ်ထူးရှင်(၆)ဦး ယခုနှစ်တွင် (၂၆)ဦး၊ ၂၀၂၂ခုနှစ်တွင်  (၅)ဘာသာဂုဏ်ထူးရှင်  (၂၅)ဦး ယခုနှစ်တွင် (၉၂)ဦး၊ ၂၀၂၂ခုနှစ်တွင်  (၄)ဘာသာဂုဏ်ထူးရှင် (၅၀)ဦး ယခုနှစ်တွင် (၁၇၅)ဦး၊ ၂၀၂၂ခုနှစ်တွင်  (၃)ဘာသာဂုဏ်ထူးရှင် (၂၂၇)ဦး ယခုနှစ်တွင် (၃၂၁)ဦး၊ ၂၀၂၂ခုနှစ်တွင်  (၂)ဘာသာဂုဏ်ထူးရှင်(၃၆၁)ဦး ယခုနှစ်တွင် (၆၇၃)ဦး ရရှိသည့်တွက် ဂုဏ်ထူးရဦးရေ တိုးတက်လာသည်ကို တွေ့ရပါကြောင်း ယခုနှစ်ရ ရှမ်းပြည်နယ်တွင် အောင်ချက်အကောင်းဆုံး မြို့နယ်မှာ ရှမ်းပြည်နယ် (မြောက်ပိုင်း) နောင်ချိုမြို့နယ် ဖြစ်ပြီး အောင်ချက်(၇၈.၁၇)ရာခိုင်နှုန်းဖြင့် ပထမ၊ ပင်လောင်းမြို့နယ် အောင်ချက်(၇၄.၄၀) ရာခိုင်နှုန်းဖြင့် ဒုတိယ၊ ပင်းတယမြို့နယ် အောင်ချက်(၇၂.၂၉)ရာခိုင်နှုန်းဖြင့် တတိယ ရရှိခဲ့ပါကြောင်း၊ ကျောင်းအနေဖြင့် အထက-မဘိမ်း မဘိမ်းမြို့နယ် ‌(၇၉.၀၇) ရာခိုင်နှုန်းဖြင့် ပထမ၊ အထက-တောင်ပေါ်ကြီး ပင်းတယမြို့နယ် ‌(၇၈.၃၈)ရာခိုင်နှုန်းဖြင့် ဒုတိယ၊ အထက(၁)-နမ့်ခမ်း၊ နမ့်ခမ်းမြို့နယ် (၇၆.၃၂) ရာခိုင်နှုန်းဖြင့် တတိယ အသီးသီးရရှိသည်ကို တွေ့ရမှာဖြစ်ပါကြောင်း၊ ယခုလိုအကောင်းဆုံးဆုများ ရရှိအောင် ကြိုးစားခဲ့ကြသည့် မြို့နယ်နှင့်ကျောင်းများကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ အနေဖြင့် ဂုဏ်ယူပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူများအား ပညာရည်ချွန်ဆုချီးမြှင့်ရာ (၆)ဘာသာဂုဏ်ထူးရှင် ဆုရ(၂၆)ဦးအား ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးနှင့် ဇနီးဒေါ်နှင်းဝေ တို့မှ ချီးမြှင့်၍လည်းကောင်း၊ (၅)ဘာသာဂုဏ်ထူးရှင် ကျောင်းသား၊ ကျောင်းသူ (၉၂)ဦးအား ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ၊ ပြည်နယ်ဝန်ကြီးများ ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်ပညာရေး ဒုတိယ ညွှန်ကြားရေးမှူးချုပ်တို့က အသီးသီးဆုချီးမြှင့်ပေး၍လည်းကောင်း၊ (၄)ဘာသာဂုဏ်ထူးရှင် ဆုရကျောင်းသား၊ ကျောင်းသူ(၁၁၀)ဦးအား တောင်ကြီးတက္ကသိုလ် ပါမောက္ခချုပ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း-အရှေ့ပိုင်း) ပြည်နယ်ပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူးများ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၏ဇနီး၊ ၊ ပြည်နယ်ဝန်ကြီးများ၏ဇနီးများနှင့် ပြည်နယ်-ခရိုင် ပညာရေးမှူးရုံးမှ တာဝန်ရှိသူတို့က အသီးသီးချီးမြှင့်‌ပေးကြသည်။

ထို့နောက်  ၂၀၂၃ခုနှစ်တက္ကသိုလ်ဝင် စာမေးပွဲတွင် အောင်ချက်အကောင်းဆုံး မြို့နယ်ဆုရ (၃)မြို့နယ်အား ဆုချီးမြှင့်ရာ ပထမဆုရ နောင်ချိုမြို့နယ်၊ ဒုတိယဆုရ ပင်လောင်းမြို့နယ်၊ တတိယဆုရ ပင်းတယမြို့နယ်နှင့် အောင်ချက်အကောင်းဆုံး ဆုရ ‌ကျောင်း(၃)ကျောင်းမှာ ပထမဆုရ အထက-မဘိမ်း မဘိမ်းမြို့နယ်၊ ဒုတိယဆုရ  အထက-တောင်ပေါ်ကြီး ပင်းတယမြို့နယ်၊ တတိယ ဆုရ အထက(၁)-နမ့်ခမ်း၊ နမ့်ခမ်းမြို့နယ် တို့ကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ဆုချီးမြှင့်ပေးရာ တာဝန်ရှိ ဆရာကြီး၊ ဆရာမကြီးများမှ အသီးသီးလက်ခံရယူကြပြီး ကျောင်းသား၊ ကျောင်းသူများကိုယ်စား ကျောင်းသူ(၁)ဦးမှ ကျေးဇူးတင်စကား ပြန်လည် ပြောကြားကြောင်းနှင့် အမှတ်(၇) အခြေခံပညာအထက်တန်းကျောင်း တောင်ကြီးမှ ကျောင်းသား၊ ကျောင်းသူလေးများက “ဇာတိမာန်သီချင်း” သီဆိုဖျော်ဖြေ၍ မှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးကြကြောင်း သိရှိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး