တောင်ကြီး ဒီဇင်ဘာ -၁၄
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန၊ ရာသီဥတုပြောင်းလဲမှုလျော့ချရေးနှင့် လိုက်လျောညီထွေနေထိုင်ရေးဆိုင်ရာ သင်တန်း ဖွင့်ပွဲကို ဒီဇင်ဘာ(၁၄)ရက် နံနက်(၉)နာရီက ရှမ်းပြည်နယ်ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။
သင်တန်းဖွင့်ပွဲတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ သယံဇာတရေးရာဝန်ကြီး ဦးစိုင်းလိတ်က ကမ္ဘာ လုံးဆိုင်ရာ ရာသီဥတုပြောင်းလဲမှု အခြေအနေများနှင့် နောက်ဆက်တွဲ ဆိုးကျိုးသက်ရောက်မှုများ၊ ၎င်းတို့ကို ရင်ဆိုင်တုန့်ပြန်ရာမှာ နိုင်ငံတကာကတိကဝတ်များနှင့်အညီ ဆောင်ရွက်နေမှုများနှင့် ကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်နေမှုများကို သိရှိနားလည် နိုင်စေရန် နှင့် ရှမ်းပြည်နယ် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာကြီးကြပ်မှုကော်မတီအဖွဲ့ဝင်ဌာနများ အနေဖြင့် မြန်မာနိုင်ငံရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ပင်မလုပ်ငန်းအစီအစဉ် (၂၀၁၈-၂၀၃၀)ပါ လုပ်ငန်းစဉ်များကို မိမိတို့ ဌာန လုပ်ငန်းစဉ်များတွင် ထည့်သွင်းပေါင်းစပ် ဆောင်ရွက်ခြင်းဖြင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ တုန့်ပြန် ဆောင်ရွက်ချက်များကို တိုးမြှင့်ဆောင်ရွက်လာနိုင်စေရန် ရည်ရွယ်ပြီး ဖွင့်လှစ်ရခြင်းကြောင်း၊ သင်တန်းသူ သင်တန်းသားများ အနေဖြင့် ယခုသင်တန်း မှာပို့ချတဲ့ဘာသာရပ်များကို စိတ်ပါ ဝင်စား စွာဖြင့် နာယူမှတ်သားကြပြီး သင်တန်းမှရရှိလာတဲ့ အသိပညာဗဟုသုတများကို အခြေခံ၍ ကဏ္ဍ အလိုက်လက်တွေ့နယ်ပယ်တွင် စနစ်တကျအသုံးချရန်နှင့် ရာသီဥတုပြောင်းလဲမှု လျှော့ချရေး ဆိုင်ရာ ဆောင်ရွက်မှုများကို တက်စွမ်းသရွှေ့တိုးမြှင့် အကောင်အထည်ဆောင်ရွက် ပေးကြပါရန် တိုက်တွန်း မှာကြားကြောင်းသိရသည်။
အဆိုပါ သင်တန်းသို့ ရှမ်းပြည်နယ်ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာကြီးကြပ်မှုကော်မတီအဖွဲ့ ဝင် ဌာန (၂၀)ခုမှ သင်တန်းသား/(Online)ဖြင့် တက်ရောက်သူ သင်တန်းသား စုစုပေါင်း(၄၁)ဦး တက်ရောက်ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး