မူဆယ် ဩဂုတ် ၅
မြန်မာ့အားကစားနှင့်ကာယပညာ ပိုမိုတိုးတက်ဖွံဖြိုးရေးအတွက် အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန၏လမ်းညွှန်မှုဖြင့် အမြို့မြို့အနယ်နယ်တွင် ခရိုင်/မြို့နယ်အဆင့် အားကစားပြိုင်ပွဲများကို စဉ်ဆက်မပျက် ကျင်းပဆောင်ရွက်လျက်ရှိရာ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊မူဆယ်မြို့တွင် ၂၀၂၃ခုနှစ်၊ခရိုင် အားကစားနှင့်ကာယပညာကော်မတီဥက္ကဌဖလားလက်ဝှေ့ပြိုင်ပွဲကို ယနေ့ နေ့လည် (၂း၀၀)အချိန်က မူဆယ် မြို့၊မိုးလုံလေလုံအားကစားခန်းမတွင် ကျင်းပဆောင်ရွက်ခဲ့ပါသည်။
ရှေးဦးစွာ ၂၀၂၃ခုနှစ်၊ခရိုင်အားကစားနှင့်ကာယပညာကော်မတီဥက္ကဌဖလား လက်ဝှေ့ပြိုင်ပွဲတွင် ယှဉ်ပြိုင်ကြမည့် ပြိုင်ပွဲဝင်အသင်းများနှင့်ပြိုင်ပွဲဝင်အားကစားသမားများက ကွင်းအတွင်းတွင် နေရာယူခဲ့ကြ ပြီး မူဆယ်ခရိုင်အားကစားနှင့်ကာယပညာကော်မတီဥက္ကဌ၊ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်မိုးက အားက စားနှင့်ကာယပညာရပ်များကို ပိုမိုတိုးတက်ဖွံဖြိုးလာစေရန် ဝိုင်းဝန်းကြိုပမ်းဆောင်ရွက်ကြရန်နှင့် အဆင့်ဆင့် နည်းပြများအနေဖြင့် ပိုမိုတိုးတက်သော အားကစားနည်းစနစ်ကောင်းများကို ဆက်လက်သင်ကြားပို့ချရန် အပြင် လေ့ကျင့်သင်ကြားနေသော အားကစားဝါသနာရှင်များအနေဖြင့်လည်း မြန်မာ့အားကစားကို ယခင် ထက် ပိုမိုထိုးဖောက်နိုင်ရန်အတွက် ကြိုးစားကြရန် အဖွင့်အမှာစကားအနေဖြင့် အားပေးစကားပြောကြား ပေးခဲ့ပါသည်။ယင်းနောက် ကော်မတီဥက္ကဌဖလားလက်ဝှေ့ပြိုင်ပွဲသို့ တက်ရောက်အားပေးကြသော ဌာန ဆိုင်ရာအကြီးအကဲများနှင့်တာဝန်ရှိကြသူများ၊မူဆယ်ခရိုင်အတွင်းရှိ အားကစားဝါသနာရှင်မိဘပြည်သူများ နှင့်လက်ဝှေ့ပြိုင်ပွဲကို လာရောက်အားပေးကြသော ဒေသခံဧည့်ပရိတ်သတ်များက လေးစားစွာဖြင့် ခေတ္တမတ် တပ်ရပ်ပေး၍ ဝင်ရောက်ယှဉ်ပြိုင်ကြသော ပြိုင်ပွဲဝင်ကစားသမားများက အားကစားအဓိဌာန်ရွက်ဆိုခဲ့ကြပါ သည်။ဆက်လက်ပြီး ခရိုင်အားကစားနှင့်ကာယပညာကော်မတီဥက္ကဌနှင့်တကွ ဌာနဆိုင်ရာအကြီးများက ပြိုင်ပွဲဝင်ကစားသမားများအား လိုက်လံနှုတ်ဆက်ခဲ့ကာ ပြိုင်ပွဲမစတင်မှီ အကအလှပဒေသာများနှင့် ကပြ ဖျော်ဖြေခဲ့ကြပြီး ပြိုင်ပွဲဝင်အသင်းများ၏ အားကစားသမားများ အလှည့်ကျ ယှဉ်ပြိုင်ကစားခဲ့ကြပါသည်။ယင်း ကော်မတီဥက္ကဌဖလားလက်ဝှေ့ပြိုင်ပွဲကြီးအား မူဆယ်ခရိုင်အတွင်းရှိ မန်ဂျယ်အသင်း၊ပန်ဆေးအသင်း၊ ဟိန်းရှင်းအသင်း၊T.M.H Star(တာမိုးညဲ)အသင်း၊နမ့်ခမ်းမြို့မအသင်း၊လုံထန်အသင်း၊ တော်ဝင်ထျန်းရီအသင်း နှင့် Energy-အသင်းတို့က ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး အသင်းစုစုပေါင်း(၈)သင်းနှင့်ပြိုင်ပွဲဝင်ကစား သမား(၆၄)ဦးတို့က ဩဂုတ်လ(၅)ရက်နေ့မှ(၉)ရက်နေ့အထိ ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။ထို့အပြင် ဩဂုတ်လ(၉)ရက်နေ့တွင် နောက်ဆုံး(final)အဆင့်အထိ တက်ရောက်သောအသင်း(၈)သင်းအား ထပ်မံယှဉ် ပြိုင်စေလျက် ပထမဆု၊ဒုတိယဆု၊တတိယဆု၊ပူးတွဲတတိယဆု၊တံခွန်စိုက်ဒိုင်းဆုကြီး၊ အကောင်းဆုံးအားက စားသမားဆုနှင့်နည်းပြအကောင်းဆုံးဆုများကို အသီးသီးပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကော်မတီဥက္ကဌဖလားလက်ဝှေ့ပြိုင်ပွဲကို မူဆယ်ခရိုင်အတွင်းရှိ လက်ဝှေ့အားကစား ဝါသနာပါသူများအတွက် ကြိုတင်ပြင်ဆင်လေ့ကျင်ထားရန်အတွက် ဇူလိုင်လအစပိုင်းမှ စ၍ မူဆယ်မြို့၏ အထင်ကရ နေရာများတွင် မြေစိုက်ကြော်ညာဆိုင်းဘုတ်များဖြင့် လည်းကောင်း၊သတင်းဌာနများမှတဆင့် လည်းကောင်း ကြိုတင်ကြေညာခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး