ကျိုင်းတုံ ဇွန်-၁၁
ကျိုင်းတုံမြို့၊ မိုင်းဇင်းကျေးရွာအုပ်စု၊ ပင်ဆိုင်း( ဝ )ရွာ CBT ကွင်းတွင် ၂၀၂၄ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ဇွန်လ(၁၁) ရက်၊ နံနက်( ၈ ) နာရီတွင် ပြည်နယ် အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)၊ ဥက္ကဌ၊ ဦးဇော်လွင်ဦး နှင့် ဇနီး ဒေါ်သီတာကြိုင် သည် တြိဂံ ဒေသတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူးနှင့် စစ်ဘက်အရာရှိကြီးများ၊ နယ်ဘက်ဌာနဆိုင်ရာအကြီးအကဲ များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ တိုင်းရင်းသားအဖွဲ့များ၊ ကျေးရွာသူ/ သားများ စုစုပေါင်းအင် (၃၅၀)ဦးခန့်နှင့်အတူတက်ရောက်ခဲ့ပြီး အခမ်းအနားတွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူးမှ အဖွင့်အမှာစကားပြောကြားခြင်း၊ ပျိုးပင်များပေးအပ်ခြင်း၊ စုပေါင်းသစ်ပင်စိုက်ပျိုးခြင်း၊ သစ်ပင် စိုက်ပျိုးနေမှုများအား လိုက်လံ့ကြည့်ရှုအားပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း အခမ်းအနားတွင် ချယ်ရီ၊ ပိတောက်၊ ခရေ၊ ထင်းရှူး၊ စိန်ပန်းနီ၊ စိန်ပန်းပြာ၊ မယ်ဇလီ၊ ပန်းမယ်ဇလီနှင့် ပျဉ်းမစသည့် ( ၉ ) မျိုး စုစုပေါင်း အပင် (၁၀၀၀) စိုက်ပျိုးခဲ့ပါကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့