မိုးမိတ် ဩဂုတ် ၁၅ရက်
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် ခရိုင်နှင့်နှင့်မြို့နယ်မီးသတ်ဦးစီးဌာန မှ မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောပွဲကို အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်း၌ ယနေ့ နံနက် ၁၀ နာရီ အချိန်က ဆောင်ရွက်ခဲ့ကြောင်းသိရသည်၊
ထိုသို့ဆောင်ရွက်ရာတွင်ခရိုင်မီးသတ်ဦးစီးမှူး ဦးပြည့်စိုးထွဋ်က မီးလောင်ကျွမ်းမှုဖြစ်စဉ်များ အားရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇော်မော်က မီးဘေးအန္တရာယ်သတိရှိစေရေး အတွက် ၂၀၁၅ ခုနှစ်မတ်လ ၁၅ ရက် မီးသတ်တပ်ဖွဲ့ဥပဒေပုဒ်မ(၁၆-က)အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကိုကျင့်သုံးလျှက် မီးသတိမူရေး ၊မီးဘေးကြိုတင်ကာကွယ်တားဆီးရေးဆိုင်ရာညွှန်ကြားချက် များကို ရှင်းလင်းဟောပြောခဲ့သည်။
ဆက်လက်ပြီး လက်တွေ့မီးငြိမ်းသတ်ရေးသရုပ်ပြရာတွင် မီးသတ်ဆေးဗူးအသုံးပြုပုံ၊ ရေစိုစောင်ဖြင့်ဖုံးအုပ်ငြိမ်းသတ်၍သရုပ်ပြခြင်းတို့ကို ကျောင်းသား ၊ကျောင်းသူများနှင့် မီးသတ်တပ်ဖွဲ့ ဝင်များက သရုပ်ပြဆောင်ရွက်ခဲ့ကာ မီးသတ်ကားနှင့် အဆင့်မြှင့်ရှာဖွေ ကယ်ဆယ်ရေးသုံးပစ္စည်း ကိရိယာများ၏ အသုံးပြုပုံများအား ကျောင်းသား ၊ကျောင်းသူများက လေ့လာကြည့်ရှုခဲ့ကြောင်းသိရ သည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး