မိုးမိတ် ဒီဇင်ဘာ ၃ ရက်
ရှမ်းပြည်နယ် (မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ်တွင် ၂၀၂၃ ခုနှစ် ပြည်သူ့ကျန်းမာ ရေးပညာရပ်ဆိုင်ရာနှီးနှောဖလှယ်ပွဲကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခြင်းကို နိုဝင်ဘာ ၂ ရက်မှ နိုဝင်ဘာ ၃၀ ရက်နေ့အထိ မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာခိုင်မင်းထွန်းနှင့် ကျန်းမာရေးဆရာ ၊ဆရာမများမှ ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာခိုင်မင်းထွန်းနှင့် ကျန်းမာရေးဆရာ ၊ဆရာမများက ကိုယ်ဝန်ဆောင်မိခင်များအား စမ်းသပ်စစ်ဆေးပေးခြင်း ၊ အသက်(၅)နှစ်အောက် ကလေးများအား ပုံမှန်တိုးချဲ့ကာကွယ်ဆေးများထိုးနှံပေးခြင်း ၊ ပုဗ္ဗာရုံစာသင်တိုက်မှ ဆရာတော် သံဃာတော်များနှင့် ရှင်သာမဏေများအား သွားနှင့်ခံတွင်း စစ်ဆေးကုသပေးခြင်း ၊ သွေးတိုး ၊နှလုံး ၊ဆီချိုရောဂါများနှင့် အခြားရောဂါများအား စမ်းသပ်စစ်ဆေးကုသမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး