မိုးမိတ် အောက်တိုဘာ ၁၄ ရက်
ရှမ်းပြည်နယ် (မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ်တွင် ဝါတွင်းကာလ လပြည့်နေ့ ၊လကွယ်နေ့များ၌ အပတ်စဉ် ဆွမ်းလောင်းလှူပွဲကို ဆောင်ရွက်လျှက်ရှိရာ အောက်တိုဘာ ၁၄ ရက် နံနက် ၆ နာရီအချိန်က တော်သလင်းလကွယ်နေ့၌ ဆွမ်းလောင်းလှူခဲ့ကြကြောင်းသိရသည်။
မိုးမိတ်မြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းတိုက်များမှ ဆရာတော်သံဃာတော်များ၊ ရှင်သာမဏေ များ က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းနှင့်မြို့နယ်စိုက်ပျိုးရေးရုံးထိပ်တွင် စုဝေးတော် မူပြီး မိုးမိတ်၊ မန်တုံလမ်းမကြီးအတိုင်း လမ်းတစ်လျောက်ကြွမြန်တော်မူကြရာ စေတနာရှင် ၊အလှူရှင် မိဘပြည်သူများက ဆွမ်း ၊ ဟင်း နှင့် လှူဖွယ်ပစ္စည်း မျိုးစုံတို့ကို လောင်းလှူခဲ့ကြကြောင်း သိရသည်။
နှစ်စဉ် ဝါတွင်းကာလ လပြည့်၊လကွယ်နေ့ ရောက်တိုင်း ဒေသခံပြည်သူများသည် ဥပုဒ်သီးတင်း ဆောက်တည်ကြခြင်း ၊ စုပေါင်း၍ ဆွမ်းလောင်းလှူခြင်း တို့ကို ဆောင်ရွက်ကြပြီး အလှူဒါန ကုသိုလ် ကောင်းမှု ပြုလုပ်ကြကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး