မိုးမိတ် စက်တင်ဘာ ၂၈ ရက်
ရှမ်းပြည်နယ်(မြောက်ပိုင်း) ရှမ်းပြည်နယ် (မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ် ပဒါန်းကျေးရွာ အုပ်စု၊ ပဒါန်းကျေးရွာ တွင် တစ်ပိုင်တစ်နိုင်ဝက်မွေးမြူးရေးခြံအား စက်တင်ဘာ ၂၈ ရက် နံနက် ၉ နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးအောင်ဘော်နှင့်အဖွဲ့ဝင်များ၊ မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဒေါက်တာမြင့်ဇော်နှင့်ဝန်ထမ်းများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးအောင်ဘော်က ကျေးရွာနေ ပြည်သူ များ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေပြီး စီးပွားရေးကုစားပေးနိုင်ရန် ရည်ရွယ်၍ ဝက်မွေးမြူး ရေးလုပ်ငန်းကို အောင်မြင်ဖြစ်ထွန်းအောင် ဂရုတစိုက်စနစ်တကျမွေးမြူနိုင်ရေးအတွက် မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနနှင့်ချိတ်ဆက်၍ ဆောင်ရွက်သွားရန်ပြောကြားခဲ့သည်။
မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဒေါက်တာမြင့်ဇော်က လည်း ကူးစက်ရောဂါများ မဖြစ်ပွား၊ မကူးစက်စေရန်အတွက် ကာကွယ်ဆေးများ ထိုးနှံပေးခြင်း ၊ ခြံဖျန်းပိုးသတ်ဆေးများ ဖျန်းပေး ခြင်း ၊ မွေးမြူးရေးအသိပညာပေးခြင်းများကို ဟောပြောခဲ့ပြီး မိုးမိတ်မြို့နယ်တွင် တစ်ပိုင်တစ်နိုင်ဝက် မွေးမြူရေးလုပ်ကိုင်သူ (၁၂)ဦး ရှိကြောင်း ပြောကြားခဲ့သည်။
ဆက်လက်ပြီး တစ်ပိုင်တစ်နိုင်ဝက်မွေးမြူးရေးလုပ်ငန်း လုပ်ကိုင်သူ ဦးအောင်မျိုးလွင်ကလည်း“ ကျွန်တော်ကတော့ ဝက်မွေးမြူးရေးလုပ်ငန်းကို ၂၀၀၀ ခုနှစ်လောက်က ဝက် (၈)ကောင်ဖြင့် စတင် မွေးမြူ၍ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယနေ့မှာတော့ ဝက်အကောင် (၇၀) အထိ တိုးမြှင့် မွေးမြူနိုင်ခဲ့ပါတယ် ၊ ဝက်သားပေါက်မွေးမြူရာတွင် ဝက်စတင်ပေါက်ဖွားချိန် မှစ၍ တစ်ပတ်တိတိ လူနဲ့ ဝက်နဲ့ မကွာဂရုစိုက်ပေးရပါတယ်၊ (၅)ရက်အကြာမှာတော့ မြေကြီးပေါ်ချပေးရပြီး သံဓာတ်အားတိုးဆေး ထိုးနှံပေးရပါတယ်၊ (၁၀)ရက်ကျော်လာရင်တော့ ဝက်ကလေးငယ်များကို မိခင်နှင့် အတူထားပြီး လူက မွေးစ ပထမတစ်ပတ်လို အထူးဂရုစိုက် ပေးစရာမလိုတော့ပါဘူး၊ အစာအဟာရ အနေဖြင့် တစ်ရက်ကို သုံးကြိမ်ကျွေးရပြီး ရေကို တစ်ရက် နှစ်ကြိမ်ချိုးပေးရပါတယ် ၊ မိမိခြံတွင်သားပေါက်မ(၁၀)မနှင့် လိုက်သိုး (၂)ကောင်ထားရှိကာ တစ်ကောင်ကို တစ်သိန်းကျပ်နှုန်းဖြင့် (၄)လတစ်ဖြတ် သုံးကြိမ်ထုတ်ရောင်း ရပါတယ်။ မိုးမိတ်မြို့နယ်တွင် နိုင်ငံစီးပွားရန်ပုံငွေမှ တစ်ပိုင်တစ်နိုင် ဝက်မွေးမြူရေး လုပ်ငန်း လုပ်ကိုင် သူများအား တစ်ခြံလျင် (၇၅)သိန်း ဖြင့် (၅)ဦး ၊ (၃၅)သိန်းဖြင့် တစ်ဦး တို့အား (၃)လတစ်ကြိမ် အတိုးနှုန်း ပြား(၆၀)နှုန်းဖြင့် တစ်နှစ်ခွဲ ချေးငွေ ထုတ်ချေးပေးခဲ့သည့်အတွက် မွေးမြူရေးလုပ်ငန်း လုပ်ကိုင်ရာတွင် ‌ငွေကြေး အဆင်ပြေစွာဖြင့် အောင်မြင်စွာလုပ်ကိုင်နိုင်သည် ပြောကြားခဲ့သည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး