မိုးမိတ် စက်တင်ဘာ ၈ ရက်
ရှမ်းပြည်နယ် (မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေ အသိပညာပေးဟောပြောပွဲကို စက်တင်ဘာလ(၈)ရက် နံနက် ၉ အချိန်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ပညာမြင့်မိုရ်ခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါအခမ်းအနားတွင် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြတ်စုရည်က ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအကြောင်းအရာ များကို ရှင်းလင်း ဟောပြောခဲ့ပြီး မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနရုံးမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်ချိုးလင်းသက်က ကလေးသူငယ် အခွင့်အရေးများဆိုင်ရာဥပဒေပါ ပြစ်မှုပြစ်ဒဏ်များကို ရှင်းလင်းဟောပြောခဲ့ကြောင်းသိရ သည်။
ဆက်လက်ပြီး ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေ အသိပညာပေးဟောပြောပွဲတို့ တက်ရောက်လာကြသော ကျောင်းသား ၊ကျောင်းသူများအား ဗလာစာအုပ် တစ်အုပ်စီနှင့် အချိုရည်ဘူး များ လက်ဆောင်ပေးအပ်ခဲ့ကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရဖွဲ့ရုံး