မိုင်းတုံ ဩဂုတ်-၁၇
မိုင်းတုံမြို့၊ မြို့မကျွေးရွာအုပ်စု၊ ကွင်းအမှတ်(၃)စံပြကွက်များတွင် စိုက်ပျိုးရေးဦးစီးဌာနမှ ဒေသခံစိုက်ပျိုးတောင်သူများသိရှိစေရန် သက်တမ်း(၁၃၅)ရက်ရှိသော စပါးမျိုးကို နမူနာပြု၍ မြေသြဇာထည့်သွင်းချိန်ပြသောပုံ ဗွီနိုင်းဖြင့် စိုက်ထူပြသထားရှိပြီး မြေသြဇာကြဲပတ်ပွဲအခမ်းအနားသို့ ဩဂုတ်လ( ၁၇) ရက် နေ့လည် ( ၁၂ ) နာရီခွဲတွင် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ ( ရှမ်းအရှေ့ )၊ ဥက္ကဌ၊ ဦးဇော်လွင်ဦး သည် ရှမ်းပြည်နယ်အစိုးအဖွဲ့၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ တာဝန်ရှိသူများ၊ ဒေသခံတောင်သူများနှင့်အတူတက်ရောက်ခဲ့ကြပြီး အခမ်းအနားတွင် တွဲဖက်ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန(ကျိုင်းတုံ)ရုံး၊ ဦးစီးမှူးမှ လုပ်ငန်းဆိုင်ရာများအားရှင်းလင်းတင်ပြခြင်း၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များမှ မြေသြဇာကြဲပတ်ခြင်းအား လိုက်လံကြည့်ရှုခြင်း၊ ပြည်နယ်ဝန်ကြီးချုပ်မှ ဒေသခံတောင်သူများ၏ တင်ပြချက်များအား ညှိနှိုင်းဆောင်ရွက်ပေးခြင်းများတွင် အတူလိုက်ပါဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့