ကျိုင်းတုံ ဩဂုတ်-၁၆
ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး၊ ပြည်နယ်ဒုတိယအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (ကျိုင်းတုံ)ရုံး၊ ဦးဇော်လွင်ဦးသည် ပြည်နယ်ခွဲအဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ တာဝန်ရှိသူများနှင့်အတူ ဩဂုတ်လ(၁၆)ရက်၊ နံနက်(၇)နာရီခွဲ၌ ကျိုင်းတုံမြို့မှ ကျိုင်းတုံ-မိုင်းခုတ်-မိုင်းဆတ်-မိုင်းတုံလမ်း အတိုင်း ထွက်ခွာလာခဲ့ပြီး ညနေ(၄)နာရီတွင် မိုင်းတုံမြို့သို့ရောက်ရှိခဲ့ပြီး (၄)နာရီခွဲတွင် ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး၊ ပြည်နယ်ဒုတိယအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ကျိုင်းတုံ)ရုံး၊ ဦးဇော်လွင်ဦးသည် မိုင်းတုံခရိုင်အုပ်ချုပ်ရေးမှူးနှင့်အတူ မိုင်းတုံမြို့မှ တာဆန်းသို့ အထွက်တံတား ချောင်းရေတိုက်စားမှုကြောင့် တံတားမျောပါပျက်စီးခဲ့ပြီး သက်ဆိုင်ရာဌာနမှ တံတားပြန်လည် ပြင်ဆင် ဆောင်ရွက်ပြီးစီးမှုအား မြေပြင်ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့