မိုင်းဆတ် ဇူလိုင်-၂၄
မိုင်းဆတ်ခရိုင်၊ မိုင်းဆတ်မြို့၌ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် မယ်နင်ကျေးရွာအုပ်စု၊မယ်နင်ကျေးရွာ၊ စာကြည့်တိုက် ဆောက်လုပ်မည့်နေရာသို့ ဇူလိုင်လ(၂၄) ရက် နံနက်(၁၀)နာရီခွဲတွင် ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီညီထွေး၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ၊ ဦးအားလွန်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး၊ ဒေါ်မျိုးမျိုးသွယ်၊ ကျေးရွာများရှိ စာကြည့်တိုက်ကော်မတီဥက္ကဌနှင့်တာဝန်ရှိသူများ သွားရောက်ကြည့်ရှုခဲ့ပါသည်။
အဆိုပါစာကြည့်တိုက် ဆောက်လုပ်မည့် နေရာသည်ကျေးရွာ ရွာမြေဖြစ်ပြီးစာကြည့်တိုက် များဆောက်လုပ်ရန် သတ်မှတ်ချက်ဖြစ်သော ပြည်ထဲရေးအမည်ပေါက် ကျေးရွာအုပ်စုဖြစ်ခြင်း၊ အလယ်တန်းကျောင်းရှိခြင်း၊ စာကြည့်တိုက်မရှိသည့်ကျေးရွာဖြစ်ခြင်းတို့ကြောင့် စာကြည့်တိုက် ဆောက်လုပ်ရန် ရွေးချယ်ခဲ့ပြီး ပြည်ထောင်စု ဘဏ္ဍာငွေ ကျပ်သန်း(၁၅)သန်း လျှာထားတင်ပြဆောင်ရွက်ထားပါကြောင်း၊ ဘဏ္ဍာငွေ ရရှိပါက ကျေးရွာအနေဖြင့် ပူးပေါင်းကူညီဆောင်ရွက်ရန် စည်ရုံးလှုံ့ဆော်ခဲပါကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့