မိုင်းဆတ် ဩဂုတ်-၂၉
မိုင်းဆတ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဩဂုတ်လ(၂၉)ရက် နံနက်(၁၀) နာရီတွင် (၂၀၂၄) ခုနှစ် (၂၅) နှစ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာရိုးရာ ယဉ်ကျေးမှု အဆို၊အက၊အရေး၊ အတီး၊(ခရိုင်အဆင့်) ပြိုင်ပွဲအားကျင်းပရာ ခရိုင်အုပ်ချုပ်ရေးမူး ဦးညီညီထွေး၊ ခရိုင် / မြို့နယ်ဌာနဆိုင်ရာများ၊မြို့မိမြိုဖများ၊ကျောင်းသား/သူ များ၊ ယဉ်ကျေးမှု ပြိုင်ပွဲဝင်များ၊ စုစုပေါင်း(၁၂၀)ဦး တက်ရောက်ခဲ့ ကြပါသည်။
အဆိုပါ အခမ်းအနားအား ဖွင့်လှစ်ပြီးနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးညီညီထွေးမှ အဖွင့်အမှာ စကားပြောကြားပြီး အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြ၍ (၂၀၂၄) ခုနှစ် (၂၅) နှစ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာရိုးရာ ယဉ်ကျေးမှု အဆို၊အက၊အရေး၊ အတီး၊(ခရိုင်အဆင့်) ပြိုင်ပွဲအား ဆက်လက်ကျင်း ပခဲ့ ပါကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့