မိုင်းဆတ် မေ-၂၁
မိုင်းဆတ်ခရိုင် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ကာကွယ်တားဆီးရေး အဖွဲ့.လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မေလ(၂၁) ရက် နေ့လည်(၁၁)နာရီတွင် မိုင်းဆတ်ခရိုင် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ကာကွယ်တားဆီးရေး အဖွဲ့ (ဥက္ကဋ္ဌ) ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးညီညီထွေး၊ ခရိုင်ရဲတပ်ဖွဲ့မူး၊ မူးယစ်တပ်ဖွဲ့စုမှူး၊ ခရိုင်စိုက်ပျိုးရေး၊ ခရိုင်ဥပဒေ၊ ခရိုင်ပြန်ဆက်၊ ခရိုင်မီးသတ်၊ ခရိုင် န.တ.လ၊ ခရိုင်ပညာရေး၊ ခရိုင်ကျန်းမာရေး၊ ခရိုင်လူမှုဝန်ထမ်း၊ခရိုင်အမျိုးသမီးရေးရာ/မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့၊ နှင့်လူမှုရေးအသင်းအဖွဲ့ကိုယ်စားလှယ်များ တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။
မိုင်းဆတ်ခရိုင် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ကာကွယ်တားဆီးရေး အဖွဲ့(ဥက္ကဋ္ဌ)ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးညီညီထွေး မှ အဖွင့်အမှာစကားပြောကြားရာ ပြည်နယ်နှင့်တိုင်းဒေသကြီး မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ကာကွယ်တားဆီးရေး အဖွဲ့မှ ချမှတ်ထားသော မူးယစ်ဆေးဝါးသုံးစွဲမှု /ထုတ်လုပ်မှုလျှော့ချရေး အစီအစဉ်များ အောင်မြင်စွာ အကောင်အထည်ဖေါ်ဆောင်ရွက်နိုင်ရေး၊မူးယစ်ဆေးဝါးလျှော့ချရေးလုပ်ငန်းများမှရန်ပုံငွေနှင့် အရင်းအမြစ်များအကျိုးရှိစွာအသုံးချနိုင်ရေး၊ လူ့အဖွဲ့အစည်းအသီးသီးပါဝင်လာစေရေး၊ လမ်းညွှန်ချက်များနှင့်အညီ အကောင်အထည်ဖေါ်ဆောင်ရွက်ခြင်း၊ ထိမ်းချုပ်ဓာတု ပစ္စည်းများ လမ်းလွှဲရောက်မူမရှိစေရေး၊တားဆီးကာကွယ်ရေးလုပ်ငန်းများနှင့် ဝန်ထမ်းအဖွဲ့အစည်းများက လက်တွေ့အကောင်အထည်ဖေါ်ဆောင်ရွက်ရာတွင် ထိရောက်မှုရှိစေရေး၊ ပညာပေးရေး၊ လူထုလှုပ်ရှားမှုများပြုလုပ်ရေး/တားဆီးကာကွယ်ရေးလုပ်ငန်းများတွင်မြို့နယ်/ရပ်ကွက်ကျေးရွာအုပ်စု အဖွဲ့များ၏လိုအပ်ချက်များညှိနှိုင်းပေးရန်၊ ကြီးကြပ်ခြင်း ၊လမ်းညွှန်မှုများပြုလုပ်ရန်ဆွေးနွေးမှာကြားပြီး တက်ရောက်လာသည် ဌာနဆိုင်ရာများမှ /ပညာပေး လှုပ်ရှားမှု၊ ဖမ်းဆီးဆောင်ရွက်မှု၊ ဘိန်းအစားထိုးသီးနှံ စိုက်ပျိုး မှု အခြေအနေများ ဆွေးနွေး တင်ပြခဲ့ပါကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့