မိုင်းဆတ် ဒီဇင်ဘာ၂
၂၀၂၃ခုနှစ် ဒီဇင်ဘာလ ပထမဆုံးပတ် လူထုလမ်းလျှောက်ပွဲကို ဒီဇင်ဘာလ(၂)ရက် နံနက်(၅)နာရီခွဲက မိုင်းဆတ်မြို့ အထက (ကျောင်းကြီး) လမ်းဆုံတွင် စုရပ်ပြုလုပ်၍ အနော်ရထာလမ်းအတိုင်း စုပေါင်းလမ်းလျှောက်ပြီး ဘုရင့်နောင်လမ်းမှ မိုင်းဆတ်မြို့ အားကစားကွင်း၌ သွေးပူ လေ့ကျင့်ခန်း ပြုလုပ်ကြောင်း သိရသည်။
အဆိုပါ လမ်းလျှောက်ပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ဟိန်းကျော်မှ ဦးဆောင်၍ တပ်ရင်းတပ်ဖွဲ.များ၊ ခရိုင်အဆင့်ဌာန ခါရောများ/ မြို့နယ် အဆင့်ဌာနဆိုင်ရာများ ၊ ၀န်ထမ်းမိသားစုများ၊ မြို့ပေါ်ကျောင်းများမှ ဆရာ/ဆရာမနှင့် ကျောင်းသားကျောင်းသူများ ပါဝင်ပြီး စုစုပေါင်း (၅၀၀)ဦး စုပေါင်းလမ်းလျှောက်ခဲ့ကြကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး