မိုင်းဆတ် ဇွန်-၃
မိုင်းဆတ်ခရိုင်အတွင်း အခြေခံပညာသင်ကျောင်းများ ဖွင့်လှစ်မှုကို ဇွန်လ(၃) ရက် နံနက်(၈)နာရီ တွင် စကခ (၁၄) ယာယီနည်းဗျူဟာမူး ဒုတိယဗိုလ်မှူးကြီး ဝင်းကျော်သန့်၊ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးညီညီထွေး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မိုင်းဆတ်ခရိုင်/ မြို့နယ် ပညာရေးမူးတို့သည်မိုင်းဆတ် ခရိုင်၊မိုင်းဆတ်မြို့မယ်ဆွမ်တောင်ရပ်ကွက် အ.လ.က ထခွဲ-၂ တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင်စတင်ဖွင့်လှစ်သော စက်မှုလက်မှု၊စိုက်ပျိုးမွေးမြူရေး အထက်တန်းကျောင်းသို့ သွားရောက်ကြည်ရူပြီ: စီမံအုပ်ချုပ်မှုဆိုင်ရာကိစ္စများ လုံခြုရေးဆိုင်ရာကိစ္စများပူးပေါင်း ဆောင်ရွက်ခဲ့ပါကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေး အထက်တန်းကျောင်းတွင်စက်မှု အထက ကျောင်းသား ၂၉ ဦး စိုက်ပျိုးရေး အထကကျောင်းသား ၈ ဦး၊ မွေးမြူရေးအထက ကျောင်းသား ၁ ဦး စတင်တက်ရောက်ပညာသင်ကြားပြီး စုစုပေါင်း၃၈ ဦး ပညာသင်ကြားလျက်ရှိပါကြောင်း၊ အလက၂ ထခွဲတွင် လည်း ကျောင်းသား/သူများ စတင်တက်ရောက်နေမူအား ကြည့်ရှုအားပေး ပူးပေါင်း ဆောင်ရွက်ခဲ့ပါကြောင်း သိရှိရသည်။
ထို့နောက် အထက မိုင်းဆတ် ကျောင်းသို့လည်း သွားရောက်ခဲ့ကြပြီး ကျဒယ်ရပ်ကွက်ရှိ မူကြိုကျောင်းသို့လည်း သွားရောက်ကြည့်ရှုခဲ့ပြီး မိုင်းဆတ်မြို့ရှိ အခြေခံပညာကျောင်းများ၏ စီမံအုပ်ချုပ်မှုဆိုင်ရာကိစ္စများ ၊လုံခြုရေးဆိုင်ရာကိစ္စများ ပူးပေါင်း ဆောင်ရွက်ခဲ့ပါကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့