မိုင်းဆတ် ဩဂုတ်-၂၀
မိုင်းဆတ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဩဂုတ်လ(၂၀)ရက် မွန်းလွဲပိုင်း(၂) နာရီတွင် ခရိုင်သန်းခေါင်းစာရင်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ (ခရိုင်သန်းခေါင်းစာရင်းကော်မတီဥက္ကဋ္ဌ) ဦးညီညီထွေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ခရိုင် သန်းခေါင်းစာရင်းကော်မတီ အဖွဲ့ဝင်များ တက်ရောက်ခဲ့ပြီး (ခရိုင်သန်းခေါင်းစာရင်းကော်မတီဥက္ကဋ္ဌ) မှ ၁-၁၀-၂၀၂၄ မှ ၁၅-၁၀-၂၀၂၄ ထိ ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းစဉ်များကို ခရိုင်မြို့နယ် ကော်မတီများ အနေဖြင့်စနစ်တကျ ညှိနှိုင်း ပေါင်းစပ်ရန်လိုကြောင်း၊ ဆောင်ရွက်ထားရှိမူများကို တင်ပြကြရန်နှင့် စာရင်းကောက်ယူရေး သင်တန်းများ ဖွင့်လှစ်ထားရှိမှု အခြေအနေများအား ဆွေးနွေးတင်ပြရန် မှာကြားပြီး၊ခရိုင်လ၀ကမှူး (ခရိုင်ကော်မတီအတွင်းရေးမှူး )မှ ဆောင်ရွက်ထားးရှိ မူများအား တင်ပြပြီး သန်းကောင်စာရင်း အဓိပ္ပါယ် နှင့်ကောက်ယူရခြင်း၏ အကျိုးသက် ရောက်မှု အားရှင်းလင်းတင်ပြခြင်း |သန်းကောင် စာရင်း ကောက်ယူ ရမည့်လုပ် ငန်းစဉ် နှင့် ဖြည့်စွက်ရမည့် အချက်များအား ရှင်းလင်းတင်ပြ၍ တက် ရောက်လာသူများမှလည်း ဆွေးနွေးတင်ပြခဲ့ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့