မိုင်းဆတ် ဩဂုတ် – ၈
မိုင်းဆတ်မြို့၊ မယ်ဆွယ်မြောက်ရပ်ကွက် အထက ခွဲ လ ၂ ကျောင်းစာကြည့်တိုက်များ ဖွံဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြင့်တင်ရေးပွဲတော်သို့ ဩဂုတ်လ ၈ ရက် နံနက် ၀၈၃၀ နာရီတွင် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့) ဥက္ကဋ္ဌ ဦးဇော်လွင်ဦး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ မိုင်းဆတ်ရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီညီထွေး နှင့်အဖွဲ့ဝင်များ၊ ခရိုင်မြို့နယ်ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့များ၊မြို့မိမြို့များ၊ကျောင်းသား/သူ (၂၅၀) ဦးတက်ရောက်ကြောင်း သိရသည်။
ရှေးဦးစွာ ကျောင်းစာကြည့်တိုက်များ ဖွံဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြင့်တင်ရေးပွဲတော် ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီး -လ ၂ ကျောင်းသားကျောင်းသူများမှ “အလှဆုံး ပန်းများ ပွင့်ကြပြီ” သီချင်းဖြင့် ဖျော်ဖြေ တင်ဆက်ကာ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့) ဥက္ကဋ္ဌ ဦးဇော်လွင်ဦးမှ အမှာစကား ပြောကြားခြင်း၊ ခရိုင်ပြန်ကြားရေးနှင့် ပြည့်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူးမှ ကျောင်းစာကြည့်တိုက်များဖွံဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြင့်တင်ရေးပွဲတော်ကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းတင်ပြခြင်း၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့) ဥက္ကဋ္ဌမှ စာအုပ်၊ စာစောင်များအား ကျောင်းအုပ်ကြီးထံပေးအပ်ခြင်း၊ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီညီထွေးမှ ပွဲတော်ဖြစ်မြောက်ရေးအတွက် အလှူရှင်များ အားဂုဏ်ပြုမှတ်တမ်းများပေးအပ်ခြင်းတို့ ဆောင်ရွက်၍ အလကခွဲ လ-၂ ကျောင်းသူ/သား ” မြန်မာပြည်မှာစာပေ ပဒေသာ” သီချင်းဖြင့် သီဆိုဖျော်ဖြေ အခမ်းအနားကို ရုတ်သိမ်းခဲ့ပြီး ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့) ဥက္ကဋ္ဌ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာများမှ ကျောင်းစာကြည့်တိုက်များ ဖွံဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြင့်တင်ရေးပွဲတော်(Activity) ပြိုင်ပွဲ/ပြပွဲများ အားလိုက် လံကြည့်ရူအား ပေးခဲ့ကြောင်းသိရသည်။
ထို့နောက် မိုင်းဆတ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် တွေ့ဆုံပွဲ အခမ်းအနား ကျင်းပပြုလုပ်ရာ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)၊ ဥက္ကဌ၊ ဦးဇော်လွင်ဦးက အဖွင့်အမှာစကာပြောကြားပြီး ဌာနဆိုင်ရာအကြီးအကဲများ၊ သက်ဆိုင်ရာတာဝန်ရှိသူများမှဆွေးနွေးချက်များ အပေါ် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)၊ ဥက္ကဌ က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းပေးခဲကြောင်း သိရသည်။
၎င်းနောက် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)၊ ဥက္ကဌ၊ ဦးဇော်လွင်ဦးသည် သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မိုင်းဆတ်ခရိုင်အထွထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးနှင့် မိုင်းဆတ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ရုံးလုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေ များကို ကြပ်မတ်စစ်ဆေးမှုများ ဆောင်ရွက်၍ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး