မိုင်းဆတ် ဇူလိုင်-၂၁
မိုင်းဆတ်ခရိုင်၏ မိုင်းဆတ်မြို့ ဝိန်းနေ ရပ်ကွက်၊အမ.က(ဝိန်းနေ) ကျောင်းဝန်းကျင် အတွင်း အပြင်တို့တွင်ပြည်သူလူထုစုပေါင်း သန့်ရှင်းရေးပြုလုပ်ရာ၊ဇူလိုင်လ(၂၁)ရက် နံနက်(၇)နာရီမှ (၈)နာရီခွဲထိ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီညီထွေး နှင့်ခရိုင် / မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများ ၊ လူမှုရေးအသင်းအဖွဲ့များပါဝင်ပြီး စုစုပေါင်း အင်အား (၁၀၀)ဦး စုပေါင်းသန့်ရှင်းရေးပြုလုပ်ခဲ့ကြပါသည်။
အဆိုပါ သန့်ရှင်းရေးအား ဝိန်းနေရပ်ကွက်၊အမ.က(ဝိန်းနေ)ကျောင်း ဝန်းကျင်အတွင်းနှင့် အပြင်ဘက် အရှေ့ဘက် အဝင်းလမ်း ဘေးဝန်းကျင် ဝဲယာတို့ကို မြက်ဖြတ်စက်များဖြင့် သန့်ရှင်းရေးပြုလုပ်ခြင်း၊ ခြုံနွယ်များခုတ်ထွင်ခြင်းများ ပြုလုပ်ခဲ့ပါကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့