မိုင်းဆတ် ဇန်နဝါရီ-၂၅
မိုင်းဆတ်ခရိုင်၊ မိုင်းဆတ်မြို့နယ်၊ မယ်ဆွယ် တောင်ရပ်ကွက် အထကခွဲ(လ-၂) ကျောင်းတွင် ပညာရေးစုံညီပွဲတော်ကို ဇန်နဝါရီလ(၂၅)ရက် နံနက် (၈)နာရီခွဲတွင် ကျင်းပပြုလုပ်ခဲ့ရာ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးညီညီထွေးနှင့်ဌာနဆိုင်ရာများ၊ နယ်မြေခံတပ်ရင်း/ ဖွဲ့များ၊ ကျောင်းကော်မတီများ၊ ဆရာ/မများ၊ ကျောင်းသားမိဘများ၊ ကျောင်းသား/သူများ တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌမှ အဖွင့်အမှာစကားပြောကြားခြင်း၊ ကျောင်းဘက်စုံဖွံ့ဖြိုးရေးအတွက် အလှူငွေများ လှူဒါန်းခြင်း၊ ဂုဏ်ပြုလွှာများပေးအပ်လက်ခံခြင်း၊ ဆုရကျောင်းသား/သူများအား ဆုချီးမြှင့်ခြင်းဆောင်ရွက်ခဲ့ပါကြောင်းသိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး